ရခိုင် မြို့နယ် ၄ ခုမှာ တိုက်ပွဲ ပြင်းထန် - BBC NEWS မြန်မာ
ရခိုင် မြို့နယ် ၄ ခုမှာ တိုက်ပွဲ ပြင်းထန် - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေ။
- ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ် အတော်များများကို တိုင်းရင်းသား အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီးနောက်မှာ နယ်စပ် ကုန်သွယ်ရေး အခြေအနေ ဘယ်လိုရှိနေပါသလဲ။
- အိုင်စီစီက အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်း ထုတ်တဲ့ ကိစ္စဟာ အင်မတန်မှ အဓိပ္ပာယ် မဲ့တဲ့ လုပ်ရပ် လို့ အမေရိကန် သမ္မတ က ဝေဖန်လိုက် ပေမဲ့ ဥရောပ တာဝန်ရှိသူတွေကတော့ တရားရုံးနဲ့ အတူတကွ ရပ်တည်တယ်လို့ ပြောဆိုနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
ကေအိုင်အေ သိမ်းပိုက်ထားတဲ့ ကန်ပိုင်တည် မြို့အခြေအနေ - BBC NEWS မြန်မာ
ကေအိုင်အေ သိမ်းပိုက်ထားတဲ့ ကန်ပိုင်တည် မြို့အခြေအနေ - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး မြို့တစ်မြို့ ဖြစ်တဲ့ ကန်ပိုင်တည် မြို့ကို KIA နဲ့ ပူးပေါင်း အဖွဲ့တွေက သိမ်းယူ နိုင်ခဲ့ပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေ ရှိနေပါသလဲ။
- မူဆယ်မြို့မှာ တရုတ် နိုင်ငံဘက်ခြမ်းကို အလုပ်သွားလုပ်ဖို့ ဝင်ရောက်ခွင့် မရတဲ့အတွက် မြန်မာလုပ်သားတွေဟာ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြ။
- ရုရှားဘက်က တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုသာ အတည်ဖြစ်ခဲ့ရင် ယူကရိန်း စစ်ပွဲမှာ စွမ်းအားပြင်းတဲ့ လက်နက်ကို ရုရှားက ပထမဆုံး အသုံးပြုလာတာ ဖြစ်တယ် ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
တရုတ် မြန်မာ ပူးပေါင်း လုံခြုံရေး ကုမ္ပဏီ လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင် - BBC NEWS မြန်မာ
တရုတ် မြန်မာ ပူးပေါင်း လုံခြုံရေး ကုမ္ပဏီ လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင် - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- မြန်မာ တရုတ် ၂ နိုင်ငံ ပူးပေါင်းပြီး လုံခြုံရေး ကုမ္ပဏီထောင်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒီလုံခြုံရေး ကုမ္ပဏီက ဘယ်နေရာတွေမှာ တာဝန်ယူဖို့ ရှိမလဲ။
- စစ်ကိုင်းတိုင်း ပုလဲမြို့ကို ဗိုလ်နဂါး ရဲ့ BNRA တပ် တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ရက် အကြာမှာ စစ်ကောင်စီဘက်က မြို့ကို ပြန်လည် ထိန်းချုပ်ထား။
အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ဟာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူ ရောဘတ် ကနေဒီ ဂျူနီယာကို ကျန်းမာရေး ဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
ပုလဲ တိုက်ပွဲ နောက်ဆုံး အခြေအနေ - BBC NEWS မြန်မာ
ပုလဲ တိုက်ပွဲ နောက်ဆုံး အခြေအနေ - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ကို ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်နဲ့ ပူးပေါင်း အဖွဲ့တွေက တိုက်ခိုက်နေပြီး၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ ပြန်လည် တိုက်ခိုက်နေ။
- ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ တပ်တွေ ချုပ်ငြိမ်းသွားအောင် ဆက်လက် လုပ်ဆောင်မယ်ဆိုပြီး အေအေက ထုတ်ပြန်ကြေညာခဲ့သလို၊ စစ်တွေ၊ အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေ။
- ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ပင်လယ်ရေအပူချိန် မြင့်တက်မှုတွေကြောင့် သန္တာကျောက်တန်းတွေ ပျောက်ကွယ်လုနီးပါးဖြစ်နေချိန်၊ ပစိဖိတ် သမုဒ္ဒရာ အနောက်တောင်ဘက်မှာ နှစ်ပေါင်း ၅၀၀ ကျော် ရှင်ကျန်ရစ်တဲ့ သန္တာကျောက်တန်းကြီးကို လေ့လာသူတွေ ရှာဖွေ တွေ့ရှိခဲ့တဲ့ သတင်းတွေက
အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ထောက်ပံ့ငွေ - BBC NEWS မြန်မာ
အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ထောက်ပံ့ငွေ - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- အမျိုးသား ညီညွတ်ရေး အစိုးရ NUG က လက်အောက်မှာ ရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အားလုံးကို အမေရိကန် ဒေါ်လာ တစ်သန်းစီ ထောက်ပံ့နေတယ်လို့ ပြောကြား။
- စစ်ခေါင်းဆောင် တရုတ်နိုင်ငံခရီးစဉ် နောက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင် လာနေတယ်လို့ စစ်ရေး အကဲခတ်တွေက ထောက်ပြ။
- အီလွန်မက်စ်ကို အစိုးရ စွမ်းဆောင်ရည် နဲ့ ထိရောက်လျင်မြန်မှု ဆိုင်ရာ ဌာနသစ် အကြီးအကဲ ဖြစ် ခန့်အပ်မယ်လို့ ဒေါ်နယ် ထရမ့်က ပြောကြားလိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
မြန်မာမှာ ပြန်လည် သင့်မြတ်ရေး အားလုံးကို ထောက်ခံတယ်လို့ တရုတ်ဘက်က ပြောကြား - BBC NEWS မြန်မာ
မြန်မာမှာ ပြန်လည် သင့်မြတ်ရေး အားလုံးကို ထောက်ခံတယ်လို့ တရုတ်ဘက်က ပြောကြား - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ဘီဘီစီ မြန်မာ တီဗီ အစီအစဉ်
- မြန်မာမှာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပြန်လည် သင့်မြတ်မှု ရအောင် လုပ်ဆောင်မယ့် သက်ဆိုင်သူတွေ အားလုံးကို တရုတ် အစိုးရက ထောက်ခံကြောင်း ထုတ်ပြော။
- စစ်မှု ထမ်းဖို့ ဆင့်ခေါ် ခံရသူတွေထဲမှာ အကြောင်းမဲ့ ပျက်ကွက်သူ၊ သင်တန်းကျောင်း ရောက်ပြီးမှ ထွက်ပြေးသွားသူတွေကို အရေးယူဖို့ လိုတဲ့ အကြောင်း စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထုတ်ပြောလာ။
- အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပထမဆုံး အမျိုးသမီး အိမ်ဖြူတော် အရာရှိ အဖြစ် ဆူဇီ ဝိုင်းစ် ကို ခန့်အပ်ခဲ့သလို ရုရှား သမ္မတ ကလည်း မစ္စတာ ထရမ့်ကို ဂုဏ်ပြုစကားပြောဆိုခဲ့တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစ
မြောက်ပိုင်း ညီနောင်အဖွဲ့တွေ အကြောင်း တရုတ်ကို စစ်ခေါင်းဆောင် ပြောဆို - BBC NEWS မြန်မာ
မြောက်ပိုင်း ညီနောင်အဖွဲ့တွေ အကြောင်း တရုတ်ကို စစ်ခေါင်းဆောင် ပြောဆို - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- မြောက်ပိုင်း ညီနောင် သုံးဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကို ပြနိုင်မှ ဆွေနွေးမယ်ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား။
- အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရ အဖွဲ့ထဲမှာ ဘယ်သူတွေ ပါမလဲ ဆိုတဲ့ ရွေးချယ်ဖို့ စီစဉ်နေပြီး၊ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကလည်း နိုင်ငံအခြေပြ မိန့်ခွန်း ပြောကြားဖို့ ပြင်ဆင်နေ။
- ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ ပြန်လည်ခြေချတော့မှာပါ။ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေဟာ ယူကရိန်း၊ အရှေ့အလယ်ပိုင်းနဲ့ ထိုင်ဝမ် အရေးတွေမှာ ဘယ်လို သက်ရောက်မှုတွေရှိ
နှစ်ရှည် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ ထိုင်းမှာ နိုင်ငံသား ရဖို့ရှိ - BBC NEWS မြန်မာ
နှစ်ရှည် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ ထိုင်းမှာ နိုင်ငံသား ရဖို့ရှိ - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် ဘီဘီစီ မြန်မာ တီဗီ အစီအစဉ်
- အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ် လာချိန်မှာ အရေးကြီးတဲ့ ပြည်နယ်တွေက အမျိုးသမီး မဲဆန္ဒရှင် တွေရဲ့ ထောက်ခံမှုရဖို့ သမ္မတလောင်းတွေ အပြိုင်ကြိုးပမ်းနေကြ။
- ထိုင်းနိုင်ငံမှာ နှစ်ရှည် နေထိုင်ခဲ့တဲ့ မြန်မာ နိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်း လုပ်သားတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို နိုင်ငံသား ဖြစ်ခွင့် ပေးမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
မြန်မာ အတိုက်အခံ အင်အားစုတွေကို ဆွေးနွေးပွဲ တက်ဖို့ အိန္ဒိယ ဖိတ်ကြား - BBC NEWS မြန်မာ
မြန်မာ အတိုက်အခံ အင်အားစုတွေကို ဆွေးနွေးပွဲ တက်ဖို့ အိန္ဒိယ ဖိတ်ကြား - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- မြန်မာ နိုင်ငံက နိုင်ငံရေး ပါတီ တချို့နဲ့ အတိုက်အခံ အင်အားစုတွေကို ဖက်ဒရယ် အရေး ခေါင်းစဉ်နဲ့ နိုဝင်ဘာမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အိန္ဒိယ အစိုးရက ဖိတ်ကြားထား။
- ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေ။
- လက်ဘနွန်မှာ အစ္စရေးက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေပေမဲ့လည်း ဟစ်ဇ်ဘိုလာနဲ့အကြား အပစ်အခတ် ရပ်စဲရေး ရရှိဖို့ မျှော်လင့်ချက်တွေလည်း မြင့်မားနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
NLD ပြန်မှတ်ပုံတင်ရင် ခွင့်ပြုဖို့ စစ်ကောင်စီ ညွှန်ကြား - BBC NEWS မြန်မာ
NLD ပြန်မှတ်ပုံတင်ရင် ခွင့်ပြုဖို့ စစ်ကောင်စီ ညွှန်ကြား - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ဘီဘီစီ မြန်မာ တီဗီ အစီအစဉ်
- ဖျက်သိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြန်မှတ်ပုံတင်ရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီ ညွှန်ကြားထား။
- ဘူသီးတောင်နဲ့ မောင်တောမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တချို့ရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ အေအေက သတင်းထုတ်ပြန်။
- ရုရှားကို အကူအညီပေးဖို့ မြောက်ကိုရီးယားက စစ်သားတွေ ပို့နေတယ်လို့ အမေရိကန်ဘက်က ပြောကြားနေသလို၊ ပဋိပက္ခ ဖြစ်ပွားရာနေရာအထိ မြောက်ကိုရီးယား စစ်သားတွေ ရောက်လာနိုင်တယ်လို့ ယူကရိန်းကလည်း သတိပေးနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး လုံးဝ ရပ်ဆိုင်းသွားတဲ့ အခြေအနေရှိ - BBC NEWS မြန်မာ
တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး လုံးဝ ရပ်ဆိုင်းသွားတဲ့ အခြေအနေရှိ - BBC NEWS မြန်မာ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- စစ်ကောင်စီ စစ်ကြောင်း ပြန်လည် ဝင်ရောက်ပြီး ဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်နေတဲ့ ဘုတလင်မြို့နယ်မှာ သောင်းနဲ့ချီတဲ့ လူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရ။
- တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ တစ်ခုတည်းသာ ကျန်တော့တဲ့ ဆစ်ဆောင်ပန်းနား နယ်စပ် ကုန်သွယ်ရေး ဂိတ်ကိုလည်း တရုတ်ဘက်က ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်။
- နည်းပညာ သူဌေးကြီး အီလွန် မက်စ် ဟာ ဒေါ်နယ် ထရမ့်ကို ထောက်ခံတဲ့ အမေရိကန် မဲဆန္ဒရှင်တွေကို ဒေါ်လာ သန်းပေါင်းများစွာ ပေးနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
တရုတ် ရဲ့ ဖိအားကြားက စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေတဲ့ တအာင်းတပ် - BBC NEWS
တရုတ် ရဲ့ ဖိအားကြားက စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေတဲ့ တအာင်းတပ် - BBC NEWS
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် ဘီဘီစီ မြန်မာ တီဗီ အစီအစဉ်
- ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ တရုတ်ရဲ့ ဖိအားတွေကြောင့် ကိုးကန့်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားပေမဲ့ တအာင်းတပ် ကတော့ စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
- ကချင် အထူးဒေသ ၁ ရဲ့ မြို့တော် ပန်ဝါ နဲ့ နယ်စပ် ကုန်သွယ်ရေး မြို့ဖြစ်တဲ့ ကံပိုင်တည် အနီးတဝိုက်မှာ စစ်ကောင်စီ တပ်တွေနဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
- ဟားမတ်စ် ခေါင်းဆောင် ယာယာ ဆင်ဝါ သေဆုံး သွားခဲ့ပေမဲ့လည်း ဂါဇာမှာ စစ်ပွဲ ဆက်ရှိနေဦးမယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောကြားနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း