𝐒𝐨𝐮𝐭𝐡 𝐢𝐧 𝐏𝐚𝐮𝐤 𝐑𝐞𝐛𝐞𝐥

𝐒𝐨𝐮𝐭𝐡 𝐢𝐧 𝐏𝐚𝐮𝐤 𝐑𝐞𝐛𝐞𝐥 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐒𝐨𝐮𝐭𝐡 𝐢𝐧 𝐏𝐚𝐮𝐤 𝐑𝐞𝐛𝐞𝐥, News & Media Website, Paisley.

ပျူစောထီး မရှိဘူးလို့ စစ်ကောင်စီပြောမြန်မာနိုင်ငံအတွင်းမှာ တစ်ဖက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေမှာ ဖော်ပြသုံးနှုန်းနေတဲ့ စစ်...
26/07/2022

ပျူစောထီး မရှိဘူးလို့ စစ်ကောင်စီပြော

မြန်မာနိုင်ငံအတွင်းမှာ တစ်ဖက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေမှာ ဖော်ပြသုံးနှုန်းနေတဲ့ စစ်ကောင်စီယိမ်း ပျူစောထီးအဖွဲ့ဆိုတာမရှိဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ဒီနေ့ ဇူလိုင်လ ၂၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဘယ်အချက်တွေကို ထောက်ပြပြီး ပျူစောထီးမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ပြောသွားတာပါလဲ။
တခါ ဒေသကာကွယ်ရေးတပ်တွေဘက်ကရော ပျူစောထီးတွေနဲ့ ပတ်သက်ပြီး ဘာတွေ ပြောထားပါလဲ။
ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-62237642
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #ပျူစောထီး

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးသူရဇော်နဲ့ ဦးလှမျိုးအောင်တို့ကို ပြစ်ဒဏ်စီရင်ခဲ့ပြီးနောက် သက်ဆိုင်ရာမိသား....

26/07/2022

မကွေးတိုင်းရှိ PDF တပ်ပေါင်းစုများက 'Operation Zayar Thaw'ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ခု ပေါက်မြို့နယ်တွင် ယနေ့စတင်

▪️ပထမဆုံးစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဟုဆို

ကျော်ဇော/People's Spring _

မကွေးတိုင်းရှိ PDFတပ်ပေါင်းစုများက 'Operation Zayar Thaw'ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ခု ပေါက်မြို့နယ်တွင် စတင်လိုက်ကြောင်း PDF Pauk တပ်ရင်း (၄)က ယနေ့(ဇူလိုင် ၂၆) တွင် အသိ ပေးထုတ်ပြန်သည်။

အဆိုပါ PDF တပ်ပေါင်းစုတွင် ပေါက်တောင်ပိုင်း ပြောကျားတပ်-SPGF ၊ YDF Saw မှ တပ်ရင်း - ၉ နှင့် ၁၀၊ Yenangyang PDF တပ်ရင်း (၇၁၂) ၊ PPC Pauk PDF မှ တပ်ရင်း -၄ နှင့် တပ်ရင်း -၆ ၊ CAF -SPUPDF နှင့် Young Revolution Front - YRF တို့ပါဝင်ပြီး ပထမဆုံးစစ်ဆင်ရေးအဖြစ် ပေါက်မြို့နယ် တပ်ကုန်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ယနေ့နံနက် ၅ နာရီခွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ပျူစောထီးများကြီးစိုးသည့် တပ်ကုန်းရွာတိုက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီအထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ရာ သေနတ်တစ်လက်၊ Usi ကျည် ၂၄ တောင့်၊ G-3ကျည် သုံးတောင့်၊ 5.56 ကျည် ၆၉ တောင့်၊ ကပစ - ၁၂ ကျည် ၂၉ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး အသီးသီးဖြစ်ကြောင်း ဖော်ပြသည်။

"သူရဲကောင်းလေးတင် မကပါဘူး။ နွေဦးတော် လှန်ရေးမှာ အသက်ပေးလှူတဲ့ ညီအစ်ကိုတွေ အားလုံးအတွက်(ဒီစစ်ဆင်ရေးကိုစတင်တာ)ပါ။ အကြောက်တရားနဲ့ခြောက်လို့ကြောက်မဲ့ တော်လှန်ရေးမဟုတ်ဘူး။ ပြည်သူ့ဆန္ဒကို အလေးထားပြီး အပြီးတိုင် တော်လှန်သွားမှာပါ"ဟု PDF Pauk တပ်ရင်း (၄)မှ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

၎င်းတို့တပ်ပေါင်းစုအနေဖြင့် Operation Zayar Thawဟု အမည်ပေးထားသည့် စစ်ဆင်ရေးများ ဆက် တိုက်လုပ်ဆောင်သွားရန် စီစဥ်ထားကြောင်း အထက်ပါရဲဘော်က သတင်းစကားပါးသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူဆောထီးများက ပေါက်မြို့နယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

26/07/2022

🟡🟡 မန္တလေး 10:07 AM

မနေ့ညက ၅၈*၁၁၇ ထောင့်မှာ ဆိုင်ကယ်တွေ စစ်နေချိန်၌ ကလေးတွေက ဆိုင်ကယ်နဲ့လာပြီး စခ ၁ ကောင်ကို ကပ်ဖြုတ်ပြီး ဆိုင်ကယ်မောင်းပြေးသွားတာကို လှမ်းပစ်တာ ၃ ချက်။

လူငယ်လေးတွေဘေးကင်း 😍😍 စခ ၁ကောင် ဒဏ်ရာနဲ့လဲကျ Ambulance နဲ့ လာတင်သွား။ ငရဲရောက်ရုံမှတပါး အခြားမရှိစေရ 👍

📮

📮

📮

ဘွန်းရောင်းရငွေ (၄) ဆ ခုန်တက်+++++++++++++++++ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို မင...
26/07/2022

ဘွန်းရောင်းရငွေ (၄) ဆ ခုန်တက်
+++++++++++++++++

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အာဏာရူးစစ်ကောင်စီက မတရားသေဒဏ်စီရင်ပြီးတဲ့နောက်၊ မနေ့ကတစ်ရက်တည်းမှာတင် ပြည်သူတွေဘွန်းဝယ်ယူကြတဲ့ အရေအတွက်ဟာ အရင်ရက်တွေ တစ်ရက်ဝယ်ယူနှုန်းထက် ၄ ဆထိများလာပါတယ်။ EOD ရှယ်ယာဝယ်ယူကြတဲ့ အရေအတွက်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

ဒါဟာ စစ်အာဏာရှင်တွေကို ပြည်သူလူထုက ဘယ်လောက်တောင် မုန်းတီးနာကျည်းနေကြလဲဆိုတာကို ပြသနေတာပဲဖြစ်တယ်။ အာဏာရူးတဲ့ မိစ္ဆာစစ်တပ်ကို မရရအောင်ဖြုတ်ချမယ်ဆိုတဲ့ ပြည်သူတို့ရဲ့ သန္နိဋ္ဌာန်ကိုရှင်းရှင်းကြီးပြသလိုက်တာဖြစ်ပါတယ်။

ဒီအရှိန်အတိုင်းသာ မလျှော့ဘဲ ဆက်ပြီးထောက်ပံ့နေကြမယ်ဆိုရင် တော်လှန်ရေးအောင်မြင်ဖို့ အချိန်ကလည်းလေးဆလောက်ပိုမြန်သွားမှာ သိပ်သေချာပါတယ်။

ခုလိုမျိုး မတရားသတ်ဖြတ်ခံရတဲ့ သူရဲကောင်းတွေ နောက်ထပ်မရှိလာရအောင်၊ လိုအပ်ချက်တွေရှိနေသေးတဲ့ ဘဏ္ဍာရေးကိုပြည့်စုံဖို့အရှိန်မြှင့်အားထုတ်ကြရင်း တော်လှန်ရေးကိုပါအရှိန်တင်ရမှာဖြစ်ပါတယ်။

အာဏာရူး မိစ္ဆာစစ်တပ် အဖွဲ့ကို ကြိုးစင်အမြန်ပို့ဖို့ တော်လှန်ရေးကို မြဲမြဲမြန်မြန် ထောက်ပံ့ကြပါစို့။

26/07/2022

ကိုအောင်သူရဇော်၏မိခင်းအားမေမြန်းချက် BBC. -News myanmarhttps://fb.watch/evbB6MsZ-S/

26/07/2022

Address

Paisley
PA

Website

Alerts

Be the first to know and let us send you an email when 𝐒𝐨𝐮𝐭𝐡 𝐢𝐧 𝐏𝐚𝐮𝐤 𝐑𝐞𝐛𝐞𝐥 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other News & Media Websites in Paisley

Show All