မှုခင်းSH-Medai

မှုခင်းSH-Medai #အမှန်တရားသတင်းဂျာနယ် #မှုခင်းSH သတင်း?

ယနေ့ ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၆ ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ...
26/07/2022

ယနေ့ ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၆ ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့
မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုုးအောင်၊ ကိုအောင်သူရဇော်
တို့ ၄ ဦး စစ်ကောင်စီမှ ကြိုးမိန့်ပေးခံရခြင်း အတွက် မြန်မာသံရုံးရှေ့ ဆန္ဒပြ နေကြသောမြင်ကွင်း

မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှာကို စိုးရိမ်မှုတွေရှိဇူလိုင် ၂၄အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂ...
24/07/2022

မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှာကို စိုးရိမ်မှုတွေရှိ

ဇူလိုင် ၂၄

အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၂၃ ရက်မနေ့က အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်ကနေ စတင်ခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံပေါင်း ၇၅ နိုင်ငံက လူပေါင်း ၁၆၀၀၀ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ငါးဦးရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့အိန္ဒိယနိုင်ငံမှာ အခုလအတွင်း မျောက်ကျောက်ရောဂါ ကူးစက်နေတဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း ကူးစက်ခံရမှာ စိုးရိမ်ဖွယ်ရာရှိနေတယ်လို့ ကျန်းမာဝန်ထမ်းတွေနဲ့ ပြည်သူတွေက ပြောပါတယ်။

မျောက်ကျောက်ရောဂါ (monkeypox) ဟာ တိရိစ္ဆာန်ကနေရော လူလူချင်းရော ကူးစက်နိုင် ပြီး ရောဂါရှိသူနဲ့ ထိတွေ့တာအပြင် အသက်ရှူလမ်းကြောင်းကနေလည်း ကူးစက်နိုင်တယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက RFA ကို ပြောပြပါတယ်။

"အရေပြားပေါ်မှာ အရေကြည်ဖုလေးတွေ ဖြစ်လာမယ်။ တဖြည်းဖြည်း ကြီးလာပြီးတော့ မီးလောင်မှုလို သေးသေးလေးတွေ အများကြီးဖြစ်လာမယ်။ အဲလိုမျိုးဖြစ်ရင် ဖျားမယ်၊ ပြီးရင် ကိုယ်တွေလက်တွေနာမယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်။ အဖုလေးတွေ က ပိုပိုပြီး ခန္ဓာကိုယ်တစ်ခုလုံးအနှံ့မှာ ပိုပြီးထွက်လာမယ်။ အဲဒီ လက္ခဏာမျိုးပါပဲ။ တိရိစ္ဆာန်လေးတွေကနေ လူတွေကို ကူးတယ်ပေါ့။ အခုနောက်ပိုင်းမှာ လူကနေ လူ အချင်းချင်းကိုလည်း ကူးတယ်ပေါ့။ ကူးစက်ပုံက ရောဂါပိုးတွေရဲ့ အခြားလူရဲ့ အရေပြား ကို ထိသွားမယ်၊ အခြားလူရဲ့ အရေပြားကနေ ခန္ဓာကိုယ်ထဲရောက်သွားပြီး ကူးနိုင်တယ်။ နောက်ထပ် ကူးနိုင်တဲ့နည်းက အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့်ပေါ့။ ဒီ အရေ ကြည်ဖုလေးတွေရဲ့ အမှုန်အမွှားတွေကနေ ခန္ဓာကိုယ်ထဲ အသွေးထဲ ရောက်သွား မယ်ပေါ့ အဲလိုမျိုးလည်းကူးနိုင်တယ်"

ဒီရောဂါဟာ လူ့ခန္ဓာကိုယ်အတွင်းက ခုခံနိုင်မှုအပေါ်မူတည်ပြီး တစ်ပတ်ကနေ နှစ်ပတ် အထိ ကြာမြင့်သလို နောက်ဆက်တွဲရောဂါတွေအနေနဲ့ အရေပြားအနာရောဂါတွေလည်း ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒီရောဂါ မကူးစက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ နေထိုင်ပေမယ့် ပြီးခဲ့တဲ့ ကိုဗစ် - ၁၉ တတိယလှိုင်းတုန်းကလို ကူးစက်သေဆုံးမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်တယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မျောက်ကျောက်ရောဂါက ထိုင်းနိုင်ငံအထိ ရောက်နေပြီဆိုတော့ ညီမတို့ နိုင်ငံအတွက် လည်း အရမ်းကို စိတ်ပူမိတယ်။ နိုင်ငံက အာဏာလည်းမတရားသိမ်းခံထားရတဲ့ အခြေ အနေ ဖြစ်နေတယ်။ စီးပွားရေးတွေကလည်း အရမ်းကို ခက်ခဲကျပ်တည်းနေတဲ့ အခြေ အနေမျိုးတွေမှာ ဒီလိုမျိုးရောဂါတစ်ခု ကမ္ဘာတစ်ဝန်းလုံးမှာပေါ့ လုံးဝ outbreak ဖြစ်သွားတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက်ကြောင့် ညီမတို့နိုင်ငံက ဘာမှခုခံကာကွယ်နိုင်တဲ့ အခြေနေမျိုးမှာလည်း မရှိတဲ့အတွက်ကြောင့် မြန်မာပြည်မှာ ဒီလိုအခြေနေမျိုး အရမ်း ကြီး ဆိုးလာမယ်ဆိုရင် မနှစ်တုန်းက ကိုဗစ်လိုမျိုးပဲပေါ့ လုံးဝ တားဆီးမဲ့၊ ထိန်းကွပ်မဲ့ပြီး လူတွေအများကြီး ကူးစက်သွားမှာကို ညီမက တော်တော်လေးကို စိတ်ပူမိပါတယ်"

မျောက်ကျောက်ရောဂါဟာ ရေကျောက်ရောဂါနဲ့ အနည်းငယ်ဆင်ပေမယ့် ရောဂါလက္ခဏာ ပြသတဲ့ပုံစံ မတူတဲ့အတွက် အပြင်သွားတာလာတာအစ ကျန်းမာရေးလမ်းညွှန်ချက်တွေကို အထူးဂရုစိုက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမရှိပေမယ့် အသိ ပညာပေးတာနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက RFA ကိုပြောပါတယ်။

"ကြိုတင်ကာကွယ်မှုကတော့ အထူးသဖြင့်က အသိပညာပေးတယ်။ ပြည်ပက ဝင်ရောက်လာမယ့်လူတွေ သူရဲ့ရောဂါဖြစ်ပွားတဲ့အချိန်က (၅) ရက်ကနေ ( ၂၁) ရက် အထိဆိုတော့ ဒီ (၂၁) ရက်အတွင်းမှာ အနီးကပ် ထိတွေ့ခဲ့တဲ့လူတွေ၊ ရောဂါလက္ခဏာ ပြတဲ့ လူတွေကို ဒါတွေကို လေဆိပ်အထဲမှာပဲ သတင်းပို့ဖို့၊ ဒါမှမဟုတ် ဒီပြည်တွင်း ရောက်တော့မှပဲ ဒီလိုလက္ခဏာတွေ ပေါ်ပေါက်ရင် နီးစပ်ရာကျန်းမာရေးကို သတင်းပို့ဖို့ ဒါတွေ အသိပညာပေး လုပ်ဆောင်နေပါတယ်"

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လူမှုကူညီရေးအသင်းတွေအနေနဲ့ အပြည့်အဝ ကူညီခွင့်မရခဲ့ဘဲ ပြည်သူအများအပြား သေဆုံးခဲ့ရပါတယ်။

ဒါပေမဲ့ အခု မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုတွေ ရှိလာရင်လည်း လူမှုကူညီရေး အသင်းတွေအနေနဲ့ ပိတ်ပင်တားဆီးမှုတွေ မရှိဘူးဆိုရင်တော့ အပြည့်အဝကူညီဖို့ အဆင့်သင့်ပဲလို့ Happy Taxi Family လူမှုထောက်ကူပြု ပရဟိအသင်း အတွင်းရေးမှူး ဦးမျိုးမင်းသန့် က RFA ကို ပြောပါတယ်။

"ကျနော်တို့က စပြီးတည်ထောင်ကတည်းက ဘာပဲဖြစ်လာဖြစ်လာ ဘယ်လိုဘေး ကပ်ဆိုးပဲဖြစ်ဖြစ် ဘယ်လောက်ထိနိုင်မလဲ၊ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိသလောက် ကူညီ ပေးနေမှာပါ၊ လုပ်ဆောင်ပေးနေမှာပါ။ ပိတ်ပင်တားဆီးမှုမရှိသရွေ့ လုပ်ပေးနေမှာ။ ဘယ်ရောဂါပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် ကူညီဖို့အဆင်သင့်ပါ"

ကမ္ဘာ့နိုင်ငံအသီးသီးကို အလျင်အမြန်ကူးစက်နေတဲ့ ဒီရောဂါသာ မြန်မာနိုင်ငံကို ကူးစက် လာရင် ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတဲ့အတွက် စစ်ကောင်စီအနေနဲ့ ထိန်းချုပ် နိုင်မှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက ဝေဖန်ပါတယ်။

"ကျနော်ကတော့ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် စစ်ကောင်စီ ထိန်းချုပ်နိုင်မယ် လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်တတိယလှိုင်းတုန်းကလည်း မထိန်းချုပ်နိုင် ဘူးလေ။ လူတွေအများကြီးသေတယ်။ ဆရာဝန်တွေ CDM လုပ်တာများတယ်။ ပရဟိတ အသင်းတွေကို ဖမ်းဆီးတယ်။ ပိတ်ပင်တားဆီးတယ်။ ဒီလိုတွေကြောင့် ဘယ်သူမှ မကယ်နိုင်၊ မလုပ်နိုင်ကြတော့ ပြည်သူအများကြီး သေခဲ့ရတယ်။ အခု မျောက်ကျောက် ရောဂါ ကူးခဲ့ရင်လည်း ကိုဗစ်တတိယလှိုင်းလို အသေအပျောက်မများဖို့ ဆုတောင်း တယ်"

ဒီရောဂါဟာ ရောဂါအခံနဲ့ ကူးစက်မှုအပေါ်မူတည်ပြီး သေဆုံးနိုင်ချေ တစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ နိုင်ငံဖြတ်ကျော်ကူးစက်မှုတွေ ပိုများလာပြီးနောက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခု အဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိ အာဖရိကတိုက်နဲ့ ဥရောပတိုက်မှာ ကူးစက်ခံရမှု အများဆုံးရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကူးစက်ခံရတဲ့ လူပေါင်း ၄၁၃၂ ဦးထိ ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူဆယ်က ဓားပြခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ဖမ်းဆီးဇူလိုင် ၂၄ ဓားပြတိုက် လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မြန်မာ-တရုတ်နယ်စပ် ရ...
24/07/2022

မူဆယ်က ဓားပြခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး

ဇူလိုင် ၂၄

ဓားပြတိုက် လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့က ဓားပြခေါင်းဆောင်တစ်ဦးကို မနေ့ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ မူဆယ်မြို့ မြောက်ရပ်ကွက်ရှိ တာမိုးညဲစျေးအနီးက အိမ်တစ်အိမ်က ကားတစ်စီးကို ဓားပြတိုက်မှုဖြစ်ပွားပြီး ဓားပြတိုက်သူတွေက ကားကို ယူမောင်းပြီးတော့ ထွက်ပြေးသွားခဲ့တာပါ။

“ပြည်သူ့စစ်အဖွဲ့က ကားတွေ စစ်ဆေးတဲ့အချိန် အဲကားက ရပ်မပေးဘဲ မောင်းပြီး ထွက်ပြေးသွားတယ်။ ကားပေါ်ကနေလည်း တစ်ယောက်က သေနတ် ဆယ်ချက်လောက်ပစ်ပြီး ထွက်ပြေးသွားတယ်။ ပြည်သူ့စစ်တွေကလည်း ဝိုင်းပစ်တော့ အဲကားက ဓာတ်တိုင် တိုက်မိပြီး မှောက်သွားတယ်။ ကားစစ်ကြည့်တော့ ဓားပြတိုက်လာတဲ့ကား ဖြစ်နေတယ်။ အကားပေါ် ၂ ယောက်ထဲက တစ်ယောက်ကတော့ ဓားပြခေါင်းဆောင် ဖြစ်နေတယ်။ တစ်ယောက်ကတော့ သေနတ်ယူပြီး ထွက်ပြေးသွားတယ်။ ခေါင်းဆောင်ကိုတော့ မိလိုက်တယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဓားပြခေါင်းဆောင်ဟာ ဟန်တီဆိုသူဖြစ်ပြီး ဓားပြတိုက်မှုမှာ အမြဲလိုလို ဦးဆောင်သူဖြစ်ပြီးတော့ အဲဒီ ဓားပြခေါင်းဆောင်ကို သက်ဆိုင်ရာသို့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။

Crd

ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေ စံချိန်တင်စျေးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်များ ဈေးထပ်မြင့်လာနိုင်ဇူလိုင်...
22/07/2022

ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေ စံချိန်တင်စျေးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်များ ဈေးထပ်မြင့်လာနိုင်

ဇူလိုင် ၂၂

ထိုင်းဘတ်ငွေစျေးထိုးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်ပစ္စည်း ဈေးထပ်မြင့်လာနိုင်တယ် ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေပါတယ်။

မြဝတီနယ်စပ်ငွေကြေး ရောင်းဝယ်မှု ဈေးကွက်မှာ ပြီးခဲ့တဲ့ တပတ်က ပေါက်စျေးဟာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၆၇၅ ဘတ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာကနေ အခုဇူလိုင်လ ၂၀ ရက်နေ့မှာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၆၀၀ ဘတ်အထိ ဖြစ်သွားပြီး မြန်မာကျပ်ငွေ တန်ဖိုးတရိပ်ရိပ် ကျဆင်းနေတာပါ။ တပတ်အတွင်း မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၇၅ ဘတ်ထိ ကွာဟချက်ရှိလာပါတယ်။

အခုလိုမြန်မာငွေစျေးထိုးကျပြီး၊ ဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေတာကြောင့် မြဝတီနယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အတော်များများမှာ ထိုင်းထုတ်ကုန်ပစ္စည်း ရောင်း၀ယ်ကုန်သွယ်မှုတွေ လျော့နည်းလာပြီး မြန်မာပြည်တွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေ ဈေးထပ်မံ မြင့်တက်လာနိုင်ပါတယ်။

ထိုင်းလူသုံးကုန်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်တဦးက “အရင်ဝယ်ထားတဲ့ အထည်တွေက ခုမှ ရန်ကုန် ရောက်တယ်၊ မရောင်းရခင် ကတည်းက ရှုံးနေပြီ။ အခုချိန်မှာ ဘတ်စျေးက နေ့စဥ်နဲ့အမျှ တက်နေတာ၊ ရသမျှစျေးနဲ့ ခုချိန်ရောင်းရင် ထပ်ရင်းတဲ့အခါ ဒီစျေးမရတော့နိုင်တော့ဘူးလေ။ အဲဒီတော့ ထိန်းရောင်းရတော့မယ်။ နောက်ရက်ကစပြီး ထိုင်းပစ္စည်းက စျေးနည်းနည်း တက်မယ်” လို့ ပြောပါတယ်။

မြန်မာပြည်တွင်းကို ထိုင်းဘက်ကနေ ဆေးဝါးကအစ၊ လူသုံးကုန်ပစ္စည်း၊ ဟင်းသီးဟင်းရွက်အဆုံး အလုံးစုံကို တင်သွင်းနေရတာပါ။

ဒါ့အပြင် မြဝတီနယ်စပ် ထိုင်း-မြန်မာ ငွေလဲဈေးကွက်မှာ မြန်မာငွေကြေး ဆက်တိုက် ကျဆင်း လာပြီး ငွေလဲနှုန်းဈေးကွက် မတည်ငြိမ်တာကြောင့် မြန်မာ−ထိုင်းနှစ်ဖက် ငွေလွဲငွေထုတ် လုပ်ငန်းတွေမှာလည်း အဆင်မပြေမှုတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

“မြန်မာငွေတန်းဖိုးအရမ်းပဲ ကျနေပါတယ်ခင်ဗျာ၊ ငွေလဲနှုန်းက နေ့စဥ်နဲ့အမျှ ပြောင်းနေတယ်။ စျေး မတည်ငြိမ်တော့ သိပ်မလုပ်ရဲကြဘူးဖြစ်နေတာ” လို့ ငွေလွဲလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက ထိုင်း−မြန်မာငွေလဲနှုန်းဟာ ထိုင်း ၁ ဘတ်ကို မြန်မာကျပ်ငွေ ၄၅-၄၆ ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါမှာ ထိုင်း ၁ ဘတ် ကို မြန်မာကျပ်ငွေ ၅၀ ဒသမ ၆၃ ဘတ်ကို ရောက်ရှိလာပြီး မြန်မာကျပ်ငွေ အနိမ့်ဆုံးကို သိသိသာသာ ထိုးကျသွားတာ ဖြစ်ပါတယ်။

အလားတူ မြန်မာပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း ပြည်တွင်း ဒေါ်လာငွေကြေး စီးဆင်းမှုအပေါ် ထိန်းချုပ်တဲ့ စစ်ကောင်စီရဲ့ ညွန်ကြားချက်တွေ အမျိုးမျိုး ထွက်ပေါ်လာပြီးတဲ့နောက်မှာ မြန်မာကျပ် ငွေနဲ့ ဒေါ်လာငွေလဲနှုန်းက ရက်ပိုင်းအတွင်း ၁ ဒေါ်လာကို ကျပ် ၂၄၅၀ အထိ မြင့်တက်လာပြီး၊ ပြည်တွင်း ရွှေစျေးကလည်း ကျပ် ၁ ကျပ်သားကို ကျပ် ၂၁သိန်းထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်အချိန်က အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပြီးတော့ ရွှေ ၁ ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပါတယ်။

crd

ဆေးကုမ္ပဏီများအရောင်းပိတ်သဖြင့်ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုဖြစ်ပေါ်နေဇူလိုင် ၂၂ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် နိုင်ငံခြ...
22/07/2022

ဆေးကုမ္ပဏီများအရောင်းပိတ်သဖြင့်ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုဖြစ်ပေါ်နေ

ဇူလိုင် ၂၂

ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် နိုင်ငံခြားအဓိကသွင်း ကုန်တစ်ခုဖြစ်သောဆေးဝါးများဈေးနှုန်းမြင့် တက်လာနေပြီး ဆေးကုမ္ပဏီအများစုက ဆေးအရောင်းပိတ်ထားသဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း လက်လီ/လက် ကား‌ဆေးအရောင်းဆိုင်များမှ သိရသည်။

လက်ရှိတွင် ဆေးကုမ္ပဏီအများစုသည် ဆေးအရောင်းဆိုင်များထံသို့ ဆေးရောင်းချမှုပိတ်ထားခြင်း၊ ကန့်သတ်လိုက်ခြင်းနှင့် ခွဲတမ်းဖြင့်ရောင်းချထိန်းချုပ်ထားခြင်းကြောင့် ဆေးဈေးကွက်အတွင်းရှိ ဆေးအမျိုးအစားပေါင်း၏ သုံးပုံတစ်ပုံကျော်ထိ ပြတ်လပ်မှုများရှိကြောင်း လက်ကားဆေးဆိုင်ပိုင် ရှင်တစ်ဦးက ဆိုသည်။

“ ဒေါ်လာဈေးတွေတက်နေလို့ ဆေးဈေးတက်မှာစိုးလို့ ဆေးကြိုဝယ်ထားတာ လွန်ခဲ့တဲ့ သုံး လေး ရက်က ဝယ်တာတောင် တက်ဈေးနဲ့တိုးတယ်။ အရင်ဝယ်နေကျဆေး ၃,၅၀၀ ကို ၈,၀၀၀ နဲ့ပေးဝယ်ရတယ်” ရက်ရှည်ဆေးစွဲသောက်သုံးနေရသူ တစ်ဦးက ပြောကြားသည်။

ဆေးကုမ္ပဏီများက ဆေးရောင်းချရာတွင် ၁၀ ရာခိုင်နှုန်းဈေးတက်ရင် ဆေးဆိုင်များကလည်းဈေးလိုက် တက်ရကြောင်း၊ ကုမ္ပဏီက ပုံမှန်ဈေးဖြင့်ရောင်းချပါက ပုံမှန်အတိုင်းရောင်းနိုင်ကြောင်း၊ ဆေးဝါးပစ္စည်းများ ဆက် လက်ချပေးပါက ဆေးဝါးများရောင်းချနိုင်မည်ဖြစ် ကြောင်း ပြည်တွင်းဆေးဝါးဖြန့်ဖြူးရောင်းချရာဈေးဖြစ်သော ရွှေပြည့်စုံဈေးရှိ လက်ကားဆေးဆိုင် ပိုင်ရှင်တစ်ဦး ပြောကြားသည်။

“ ကျွန်မတို့ထိန်းချုပ်ထားတာမရှိဘူး။ဈေးကစားလို့လည်းမရဘူး။ ဆေးရှိရင်ရောင်းမယ်။ ဆေးမရှိရင် မရောင်းနိုင်တော့ဘူး။ ဆိုင်လည်းပိတ်ထားရမယ်။ ဆိုင်မှာရှိတဲ့ ပစ္စည်းကတော့ရောင်းလို့ရမယ်။ ဈေးလာဝယ်တဲ့သူကို အရင်ဖောက်သည်ပဲဖြစ်ဖြစ် အခုသစ်ပဲဖြစ်ဖြစ် အကုန်ရောင်းပေးတယ်။ ပြတ်နေတဲ့ ဆေးပြောရမယ်ဆိုရင် အမျိုးသုံးထောင်လောက်ရှိရင် တစ်ထောင်လောက်က ပျက်နေတယ် ” ဟု လက်လီ/လက်ကားဆေးအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆေးဈေးများလည်းအကုန်မြင့်တက်‌နေခြင်းဖြစ်ပြီး ဈေးမတက်သည့်ဆေး ဝါး တစ်ခုမျှမရှိကြောင်း၊ ကုမ္ပဏီများက ဆေးအရောင်းပိတ်ထားသဖြင့် လုပ်ရကိုင်ရခက်ခဲသွားကြောင်း၊ ကုမ္ပဏီ ကအရောင်းပိတ်ထားပြီး ဆေးအဝယ်လိုက်ခြင်းကြောင့် ဆေးဝါးပြတ်လပ်နေကြောင်း မင်္ဂလာဈေးသစ်အပေါ် ထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ ကုမ္ပဏီကအရောင်းပိတ်တာ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးက ဒီလောက်တက်နေတာကို။ ဆေးက ဈေးအကုန်တက်ကုန်တယ်။ ရာခိုင်နှုန်းတက်ကုန်တယ်။ မတက်တာ ဘာမှမရှိတော့ဘူး။ ဆေးပြတ်တာတွေက အများကြီး။ အတော်တော်များများပဲ။ အိမ်သုံး ဆေးဝါးအများဆုံးပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဆေးဝါးပြတ်လပ်မှုအကြောင်း ဆေးဝါးအဓိကတင်သွင်းလျက်ရှိသော မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းထံ ဘီအေပီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှု တစ်စုံတစ်ရာ မရခဲ့ပါဘူး ။ ထို့အတူ ဆေးဝါးဖြန့်ဖြူးနေသည့် ကုမ္ပဏီအချို့ထဲ ဆက်သွယ်မေးမြန်ခဲ့သော်လည်း ‌ဆေးဝါးအရောင်းပိတ်ထားခြင်း ၊ ကန့်သတ်ထားခြင်းအပေါ် ဖြေကြားရန် မရှိကြောင်းသာ ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်လုပ်ရာတွင် နိုင်ငံပိုင် BPI ဆေးဝါးစက်ရုံနှင့် ပုဂ္ဂလိကဆေးဝါးစက်ရုံအဖြစ် AA Medicals Silver International Fame အပါအဝင် အခြားဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများလည်း ရှိ‌‌နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှဆေးဝါးတင်သွင်းရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ ဩစတြေးလျ၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ်နိုင်ငံတို့မှ အများဆုံးတင်သွင်ခြင်းဖြစ်သည်။

Burma Associated Press

22.7.2022 - 02:20 am  #အသိပေးခြင်း ယမန်နေ့ညပိုင်း ၁၁:၃၉ နာရီအချိန်ခန့်ကစတင်ပြီး မြန်မာနိုင်ငံပြည်တွင်း ရှမ်းပြည်နယ်အရှေ့...
22/07/2022

22.7.2022 - 02:20 am #အသိပေးခြင်း

ယမန်နေ့ညပိုင်း ၁၁:၃၉ နာရီအချိန်ခန့်ကစတင်ပြီး မြန်မာနိုင်ငံပြည်တွင်း ရှမ်းပြည်နယ်အရှေ့ဘက်ပိုင်းတာချီလိတ်ခရိုင်တာချီလိတ်မြို့မြောက်ဘက်၊ ကျိုင်းတုံအရှေ့တောင်ပိုင်းကို မဂ္ဂနီကျု ၅.၉ အဆင့်အားအသင့်အတင့်မှသည်အားပြင်းငလျင် လှုပ်ရှားခဲ့ပြီးနောက်ပိုင်းမှာ aftershock နောက်ဆက်တွဲငလျင်ငယ်များ ၄:၀၀ နာရီအချိန်အတောအတွင်းမှာပင် (၂၁)ကြိမ် ထပ်မံလှုပ်ရှားခဲ့ပါသည်။ ယခုလက်ရှိအချိန်တိုင်အောင် ငလျင်ငယ်များဟာအဆိုပါ ဒေသ၌ ဆက်တိုက်လှုပ်ရှားလျက်ရှိနေသောကြောင့် လက်ရှိယခုမနက် ကမ္ဘာတစ်ဝန်းကပြတ်ရွေ့ကြောများ၏ သက်ဝင်လှုပ်ရှားမှုအခြေအနေအရပ်ရပ်အား မိမိတို့လေ့လာသုံးသပ်မှုရလဒ်များကိုအခြေခံကာ မကြာခင်အချိန်နာရီပိုင်းများအတွင်းမှာပင် နောက်ထပ်ပြတ်‌ရွေ့များအတွင်း လှုပ်ရှားလာလတ္တံ့သော မဂ္ဂနီကျု ၆.၀ နှင့်အထက် အားပြင်းငလျင်ကြီးလှုပ်ရှားနိုင်‌ခြေကြိုတင်ခန့်မှန်းချက်ကို မိဘပြည်သူအများသတိပြု/သတိချပ်နိုင်ကြစေရန်ရည်ရွယ်ကာ မကြာမီ ထပ်မံတင်ဦးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#မိဘပြည်သူအများ_ငလျင်အသိငလျင်သတိ_အမြဲဆောင်ထားကြရန်_လေးစားစွာတိုက်တွန်းအပ်ပါသည်
မြေငလျင်ဘေး ကင်းဝေးကြပါစေ 🙏

#မြေငလျင်သတင်းများနှင့်သုတေသနပြုစင်တာ

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰==================================မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သ...
12/07/2022

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰
==================================

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။

မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် crdပေးပါတယ်

DMC.

ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ် ၁...
06/07/2022

ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ

ဇူလိုင်လ ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် စိုင်းဆိုင်ရွက်ဖူး မောင်းနှင်ပြီး စိုင်းဝင်းရှဲန် လိုက်ပါလာသည့် CROWN မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းခမ်းထောင်း အား အဆိုပါနေရာအနီးတွင် CROWN မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော် ထုတ်ချက်အရ မွန်းလွဲ ၁ နာရီအချိန် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာနေ စိုင်းနောင့် ၏နေအိမ်အားရှာဖွေရာ စိုင်းနောင့် မှာတိမ်းရှောင်လျက်ရှိပြီး စိုင်းဆိုင်ဝမ်းလျန်း နှင့် စိုင်းဟန်ခေးစက် တို့ ၂ ဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ပြား၊ Ecstasy- အက်တက်စီ(ခေါင်းခါဆေး) ၁၇၀ ပြား၊ အမှုန့် ၈၀ ဂရမ်၊ Ketamine-ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၁၂၀ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၁၅ သိန်း၊ အိုက်စ် (မက်သ်အဖက် တမင်း) ၆ ကီလို၊ Ecstasy-အက်တက်စီ(ခေါင်းခါဆေး) ၁၇၀ ပြား၊ အမှုန့် ၈၀ ဂရမ်၊ Ketamine-ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water(စိတ်ပြောင်းဆေး ဝါးများရောစပ်ထားသောအမှုန့်) ၁၂၀ ဂရမ်၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်တို့အား သိမ်း ဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

၆/၇/၂၀၂၂ ခုနစ်  #ရှမ်းပြည်နယ်ယနေ့ညနေပိုင် မြန်မာစံတော်ချိန် ၄:၁၀ နာရီအချိန်ခန့်က မြန်မာနိုင်ငံပြည်တွင်း၊ ရှမ်းပြည်နယ်တော...
06/07/2022

၆/၇/၂၀၂၂ ခုနစ် #ရှမ်းပြည်နယ်
ယနေ့ညနေပိုင် မြန်မာစံတော်ချိန် ၄:၁၀ နာရီအချိန်ခန့်က မြန်မာနိုင်ငံပြည်တွင်း၊ ရှမ်းပြည်နယ်တောင်ကြီးမြို့အရှေ့ဘက် မျဉ်း‌ဖြောင့် ၈၅
မိုင်ခန့်အကွာ၊ လင်းခေးအရှေ့မြောက်ဘက်ပိုင်း တောင်တန်းဒေသအောက်အနက် ၆.၃ မိုင်မှ မဂ္ဂနီကျု ၃.၆ အဆင့်ငလျင်ငယ် လှုပ်ရှားသွားခဲ့သည်။

Crd

၅/၇/၂၀၂၂   ပင်လယ်ယနေ့ည မြန်မာစံတော်ချိန် ၉:၂၂ နာရီအချိန်ခန့်က မြန်မာနိုင်ငံတောင်ဘက်ပိုင်း လတ်တလောတွင် active ဖြစ်လျက်ရှိ...
05/07/2022

၅/၇/၂၀၂၂ ပင်လယ်
ယနေ့ည မြန်မာစံတော်ချိန် ၉:၂၂ နာရီအချိန်ခန့်က မြန်မာနိုင်ငံ
တောင်ဘက်ပိုင်း လတ်တလောတွင် active ဖြစ်လျက်ရှိသည့်
ငလျင်ငယ်များလှုပ်ခတ်ရာ Burma micro plate ဗဟိုချက်မှအနောက်ဘက် ၂၄၀ မိုင်ကျော် Andaman ကျွန်းအနောက်ပိုင်း
၅ မိုင်ခန့်ကွာ‌ဝေးသည့် ပင်လယ်ကြမ်းပြင်အောက်အနက် ၇ မိုင်ခန့်မှ
မဂ္ဂနီကျု ၅.၀ အဆင့် အားအသင့်အတင့်ရှိသောငလျင် ထပ်မံလှုပ်ရှားသွားခဲ့သည်။

Breaking News:  5.7.2022ငလျင်ဘေးနဲ့ ဆူနာမီ ကို ကြိုတင် ပြင်ဆင်ထားဖို့လိုလာပါပြီ။အန်ဒါမန် ပင်လယ်ပြင်မှာ ငလျင်တွေလှုပ်ခတ်မ...
05/07/2022

Breaking News: 5.7.2022
ငလျင်ဘေးနဲ့ ဆူနာမီ ကို ကြိုတင် ပြင်ဆင်ထားဖို့လိုလာပါပြီ။

အန်ဒါမန် ပင်လယ်ပြင်မှာ ငလျင်တွေလှုပ်ခတ်မှု
အကြိမ်ရေစိပ်လာပြီး မြန်မာ နိုင်ငံပြည်တွင်းမှာလည်း
ဆက်တိုက်လှုပ်လာတာကို တွေ့ရပါတယ် စိတ်ပူမိတာက
စစ်ကိုင်းပြတ်ရွေ့ကြော ပေါ် မှာ ငလျင်ငယ်တွေ လှုပ်လာတာကိုတွေ့ရတဲ့အတွက် စိတ်ပူစရာပါ။

ပင်လယ်ပြင်မှာလှုပ်ခတ်လာရင်တော့ ဆူနာမီသတိပြုဖို့
လိုလာပါတယ် ဆူနာမီ သတင်းကိုနားစွင့်ဖို့လိုလာပါတယ်။

လက်ရှိရာသီဥတုအရ ပင်လယ်မှာလည်း လှိုင်းကြီးနေတဲ့အတွက် ဆူနာမီဖြစ်ပေါ်လာခဲ့ရင် ဆိုးကျိုးများပါတယ်။ ဆူနာမီသတိထားဖို့လိုတဲ့နေရာကတော့ မုတ္တမပင်လယ်ကွေ့ဒေသ၊ မွန် တနင်္သာရီ ကမ်းရိုးတန်း၊ ဧရာဝတီကမ်းရိုးတန်းဒေသတွေ ဆူနာမီဖြစ်ပေါ်လာလျှင် ဆိုးကျိုးများနိုင်ပါတယ်။

ကုန်းတွင်းလှုပ်ခတ်မည်ဆိုလျှင် စစ်ကိုင်းပြတ်ရွေ့ကြော
အပေါ်ရှိမြို့များ အထူးသတိပြုရမှာဖြစ်ပါတယ်။

ဆူနာမီသတင်းကို နားစွင့်ကြဖို့နဲ့ ငလျင်လှုပ်ခတ်ပါကအဆောက်အဉီးအမြင့်ပေါ်ရှိပြည်သူများ ကြောက်စိတ်လွန်ပြီး ခုန်ချတာတွေ လုံးဝမလုပ်ပါနဲ့ ကြမ်းပြင်ပေါ်တွင် ဝပ်နေပါ။ အဆောက်အဉီးများအောက်ရှိ ပြည်သူများအနေဖြင့် အဆောက်အဦးနဲ့ဝေးရာကို ထွက်ပြေးပါ။

ငလျင်ဘေးသည် ကြိုတင်ခန့်မှန်းမရတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အတွက် ဖြစ်ပေါ်လာခဲ့ရင်အကောင်းဆုံး ကျော်လွှားဖို့ပဲပြင်ဆင်ရမှာဖြစ်ပါတယ်။

crd

🚨  #အသိပေးချက် 🚨 5.7.2022မြန်မာနိုင်ငံ တောင်ဘက်ပိုင်းက Burma micro plate ပြတ်ရွေ့ဟာ ယခုအချိန်မှာ ending active ဖြစ်နေချိ...
05/07/2022

🚨 #အသိပေးချက် 🚨 5.7.2022
မြန်မာနိုင်ငံ တောင်ဘက်ပိုင်းက Burma micro plate
ပြတ်ရွေ့ဟာ ယခုအချိန်မှာ ending active ဖြစ်နေချိန်ဟု
ယူဆရသောကြောင့် မြန်မာနိုင်ငံအတွင်း အထူးသဖြင့်မြန်မာနိုင်ငံ
တောင်ပိုင်း မိဘပြည်သူအများနောက်ထပ် ၂၄ နာရီအချိန်အ‌တောအတွင်း သတိရှိကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

ထိုင်းနိုင်ငံမှာ ကားမောက်၍ မြန်မာလုပ်သား ၂၃ ဦးထဲမှာ ၂ ဦးကထိခိုက်ဒဏ်ရာရဇွန်လိုင်လ  ၂ထိုင်းနိုင်ငံ ရနောင်းနယ်စပ်ကနေဝင်လာပြ...
02/07/2022

ထိုင်းနိုင်ငံမှာ ကားမောက်၍ မြန်မာလုပ်သား ၂၃ ဦးထဲမှာ ၂ ဦးက
ထိခိုက်ဒဏ်ရာရ

ဇွန်လိုင်လ ၂

ထိုင်းနိုင်ငံ ရနောင်းနယ်စပ်ကနေဝင်လာပြီး မလေးရှားကိုအလုပ်လုပ်ဖို့လာတဲ့ တရားမဝင်မြန်မာ ၂၀ ကျော်စီးလာတဲ့ကား တိမ်းမှောက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ သိရပါတယ်။
တရားမဝင်မြန်မာ ၂၃ ဦးစီးလာတဲ့ကားမှာ ထိုင်းနိုင်ငံ ထာ့ချန်မြို့နယ် စူရတ်ဌာနီခရိုင်ရှိ ဆီအုန်းခြံထဲမှာမောက်ပြီး စီးနှင်းလိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၃ ဦးထဲမှာ ၂ ဦးက ကားမောက်တဲ့နေရာမှာ ထိခိုက်ဒဏ်ရာရသွား၍ စူရတ်ဌာနီဆေးရုံမှာကုသထားတယ်လို့ သိရပါတယ်။
မြန်မာလုပ်သား ၂၃ ဦးမှာ မလေးရှားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ဖို့ တောလမ်းခရီးဖြင့် ထိုင်းကိုဖြတ်ပြီးလာတဲ့လမ်းမှာ ကားမှောက်မှုဖြစ်ပွားခဲ့တာပါ။မြန်မာ ၂၃ ဦးမှာ မြန်မာပွဲစားကို ၁၆၀၀၀ ဘတ် ထိုင်းကနေ မလေးရှားကိုသွားဖို့ ၁၆၀၀၀ ဘတ် စုစုပေါင်း ၃၂၀၀၀ ဘတ်ကုန်ကျခဲ့ကြတယ်လို့ အဖမ်းခံရတဲ့မြန်မာလုပ်သားတွေကပြောပါတယ်။ မြန်မာလုပ်သား ၂၀ ကျော်ကို တရားမဝင် ဝင်ရောက်မှု ဥပဒေနဲ့အရေးယူသွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်း ကျူးကျော်ဝင် ရောက်ပျံသန်းခဲ့သော မြန်မာ စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ပစ်ခက်မှုကြောင့် ထိုင်းနယ်စပ်မြို့န...
01/07/2022

ထိုင်းနိုင်ငံအတွင်း ကျူးကျော်ဝင် ရောက်ပျံသန်းခဲ့သော မြန်မာ
စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ပစ်ခက်မှုကြောင့် ထိုင်းနယ်
စပ်မြို့နယ်က စာသင်ကျောင်းတွေပိတ်ထားပြီး ထိခိုက်မှုရှိသည့်
အတွက် ထိုင်းလေတပ် ဗိုလ်ချုပ်ကြီးအား ထိုင်းနိုင်ငံက ပြည်သူ
များနှင့် ထိုင်းလွှတ်တော်ကိုယ်စားလှယ် အချို့ပြောဆိုဝေဖန်သော
သတင်းစာရှင်လင်း ပြောဆို ၂၀၂၂ခုနှစ် ဇွန်လိုင်လ ၁ ရက်နေ့

https://fb.watch/d_Q0HerGXN/

🔝 https://fb.watch/d_Pgjhl7yu/

မိုးညှင်းတွင် လူငယ်တစ်ဦးကို ဆိုင်ကယ်လုယက်သူများက ဓါးဖြင့်ခုတ်သတ်ဇွန်လ ၂၈ဓားခုတ်ရာများဖြင့် သေဆုံးနေသော အသက်၁၆နှစ်အရွယ် အ...
28/06/2022

မိုးညှင်းတွင် လူငယ်တစ်ဦးကို ဆိုင်ကယ်လုယက်သူများက ဓါးဖြင့်ခုတ်သတ်

ဇွန်လ ၂၈

ဓားခုတ်ရာများဖြင့် သေဆုံးနေသော အသက်၁၆နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ နံနက်က မိုးညှင်းမြို့ မြို့ရှောင်လမ်းအနီးတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့ ဒေသအခေါ် အင်းဖိုအင်းမကန်အနီး ရွှေသာလျောင်းဗုဒ္ဓရုပ်ပွါးတော်၏ အနောက်ဘက်လမ်းကြားတွင် အဆိုပါလူငယ်ကို ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူသွားခြင်းဖြစ်ကြောင်း ပရဟိတလူမှုကူညီရေးအသင်းတစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလောင်သွားကောက်တော့ ပျော့ပျော့လေးပဲရှိသေးတယ်။ ဘယ်ချိန်လောက်က သတ်ခံရလည်းတော့ တိတိကျကျမသိဘူး။ ဆိုင်ကယ်လုပြီး သတ်သွားတာ။ သူက ပန်းရံဆရာဆိုင်ကယ်ငှါးသွားတာတဲ့။ ဖြတ်စက်တွေတောင် ဆိုင်ကယ်ထဲ ပါသွားသေးတယ်တဲ့" ဟုပြောသည်။

သေဆုံးသူမှာ အသက် ၁၆နှစ်အရွယ် မောင်နောင်ရင်ထွေး (ခ) အိနောင်ဆိုသူဖြစ်ပြီး မိုးညှင်းမြို့အောင်သပြေ (၁) ရပ်ကွက်တွင်နေထိုင်သူဖြစ်ကာ မျက်နှာ၊ လည်ပင်းနှင့် လက်များတွင် ဓားခုတ်ရာများတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့် မတ်လက သံတိုသံစနှင့်ပလတ်စတစ်ဘူးခွံကောက်သော အမျိုးသမီးကြီးတစ်ဦးကို ပိုက်ဆံလုယက်သူတစ်ဦးက အူများထွက်သည်အထိ ဓါးဖြင့်ထိုးကာ သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံအနှံအပြားတွင် ခိုးဆိုးလုယက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်းသိရသည်။

ထိုင်းပြည်တွင်းခရီးသွားမြှင့်တင်ရေးအတွက် ဇူလိုင်လတွင် အစိုးရရုံးပိတ်ရက် ၁၅ ရက်သတ်မှတ်ဇွန်လ ၂၇ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့...
27/06/2022

ထိုင်းပြည်တွင်းခရီးသွားမြှင့်တင်ရေးအတွက် ဇူလိုင်လတွင် အစိုးရရုံးပိတ်ရက် ၁၅ ရက်သတ်မှတ်

ဇွန်လ ၂၇
ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အေးစက်သွားသောထိုင်းပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည်နာလန်
ထူနိုင်ရေးအတွက် လာမည့်ဇူလိုင်လ(၂၀၂၂) တွင် အစိုးရရုံးပိတ်ရက် ၁၅ ရက်သတ်မှတ်။
ထိုင်းပြည်တွင်းခရီးသွားလုပ်ငန်းပြန်လည်အသက်ဝင်လာစေရေးရည်ရွယ်ချက်ဖြင့် လာမည့်ဇူလိုင်လ (၂၀၂၂) တွင် အစိုးရရုံးပိတ်ရက် ၁၅ ရက်သတ်မှတ်ပေးထားသည်ဟု ထိုင်းဝန်ကြီးများကောင်စီက အတည်ပြုကြေညာထားသည်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သော ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့များတွင်ကျရောက်သည့် ဇူလိုင်လ ၁၃ ရက်နေ့(ထိုင်းဝါဆိုလပြည့်နေ့)နှင့်ဇူလိုင်လ ၁၄ ရက်နေ့(ဝါဝင်နေ့)အပါအဝင် ပုံမှန်ရုံး ဖွင့်ရက်ဖြစ်သော ဇူလိုင်လ ၁၅ ရက်နေ့ သောကြာနေ့ကိုအထူးပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်ခြင်း ကြောင့် အဆိုပါသတင်းပတ်တွင် စနေ-တနင်္ဂနွေရုံးပိတ်ရက်အပါအဝင် စုစုပေါင်း ၅ ရက်ဆက်တိုက် ပိတ်မည်ဟု ဖော်ပြထားသည်။
တဆက်တည်းတွင် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သော ဇူလိုင်လ ၂၈ ရက်နေ့ ကြာသပတေးနေ့တွင် ကျရောက်နည့် ထိုင်းရာမ ၁၀ ဘုရင်မွေးနေ့အပါအဝင် ဇူလိုင်လ ၂၉ ရက်နေ့ သောကြာနေ့ကို အထူး ပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်၍ ယင်းသတင်းပတ်တွင် စနေ-တနင်္ဂနွေရုံးပိတ်ရက်အပါအဝင်စုစုပေါင်း ၄ ရက်ပိတ်မည်ဟု သိရသည်။
ထို့ကြောင့် လာမည့်ဇူလိုင်တွင် အများပြည်သူအလုပ်ပိတ်ရက် ၅ ရက် နှင့် စနေ-တနင်္ဂနွေရုံးပိတ်ရက် ၁၀ ရက်ရှိမည်ဖြစ်၍ စုစုပေါင်း ၁၅ ရက်အထိ အစိုးရရုံးများပိတ်မည်ဟု သိရသည်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၂ နှစ်ကျော်လေဖြတ်ထားသည့်ထိုင်းပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်လာရေးအတွက် ပိတ်ရက်ရှည်များသတ်မှတ်ပေးခြင်းဖြင့် ခရီးသွားမြှင့်တင်ရေး ကမ်ပိန်းဖော်ဆောင်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
Photo : Pino Latte Restaurant and Cafe

ရှမ်းပြည် မြောက်ပိုင်းမှာ ဒေသခံတွေကို တို့ဆေးတို့ပြီး လိမ်လည်တဲ့ ၁၇ ဦးပါအဖွဲ့ကို ဖမ်းမိထားဇွန်လ ၂၇ရှမ်းပြည်နယ် မြောက်ပို...
27/06/2022

ရှမ်းပြည် မြောက်ပိုင်းမှာ ဒေသခံတွေကို တို့ဆေးတို့ပြီး လိမ်လည်တဲ့ ၁၇ ဦးပါအဖွဲ့ကို ဖမ်းမိထား

ဇွန်လ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒေသခံတွေကို တို့ဆေးတို့ပြီး လိမ်လည်တဲ့ ၁၇ ဦးပါအဖွဲ့ကို ဖမ်းမိပြီလို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်အများစုမှာ ဒေသခံတွကို တို့ဆေးနဲ့တို့တာ မျိုးအပါအဝင် နည်းအမျိုးမျိုးနဲ့ လိမ်လည်သလို ဖုန်းအဟောင်း ဝယ်ယူတာမျိုးတွေ ထီလက်မှတ် ရောင်းဝယ်တာတွေ အသုံးပြုပြီး လိုက်လံ လိမ်လည်နေကြတဲ့ အမျိုးသား အမျိုးသမီး ၁၇ ဦးပါအဖွဲ့ကို ဇွန်လ ၂၄ ရက်နေ့က တန့်ယန်းမြို့မှာ ဖမ်းမိထားတာလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ သီပေါနဲ့ လားရှိုးမြို့နယ်တွေမှာ တို့ဆေးနဲ့ တို့ခံရသူတွေဟာ နာရီပိုင်းအထိ အသိစိတ် ပျောက်သွားပြီးတော့ တန်ဖိုးကြီးပစ္စည်းတွေကို ယူခိုင်းရင်လည်း ယူပေးလိုက်ရတာမျိုးတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိတွင် အဆိုပါ အဖွဲ့ကို တန့်ယန်းမြို့ ဟွေကုန်ရွာမှာ ဖမ်းမိတာဖြစ်ပြီး ယင်းတို့ကို သက်ဆိုင်ရာကို အပ်နှံကာ အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

အရေးကြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းထောင်မှ နေအိမ် တွင် ပြန်လည်ထားရှိရန် အာဆီယံဥက္ကဋ္ဌက  စစ်ကောင်...
27/06/2022

အရေးကြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းထောင်မှ နေအိမ် တွင် ပြန်လည်ထားရှိရန် အာဆီယံဥက္ကဋ္ဌက စစ်ကောင်စီထံ တောင်း ဆို

ဇွန်လ ၂၇

မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးကြီးသော လူထုခေါင်းဆောင် ဒေါ် အောင် ဆန်း စုကြည်ကို နေအိမ်တွင် ပြန်လည်ထားရှိရန် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်က စစ်ကောင်စီထံ စာပေးပို့ တောင်းဆိုလိုက်သည်။

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ အထူးသံတမန် Park Sokhonn က ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း ပြည်ပက အသိအမှတ်ပြုထားသော မြန်မာ့ဒီမိုကရေစီအရေး အတွက် အရေးကြီး သော ခေါင်းဆောင်ဖြစ်ကြောင်း၊ မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်း ရေး အတွက်လည်း အရေးကြီးသော ခေါင်းဆောင်ဖြစ်သဖြင့် အကျဉ်းထောင် ပို့ဆောင်ခြင်းမှ နေအိမ်သို့ ပြန်လည် ထားရှိရန် တိုက်တွန်းကြောင်း စစ်ကောင်စီ ထံ စာရေးသား တောင်းဆိုသည်။

ကျန်းမာရေး၊ နေထိုင်မှု အဆင်ပြေရေး၊ မျှတသော တရားစီရင်မှုနှင့် ဥပဒေစိုးမိုး ရေး အရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်လည်ထားရှိရန် တောင်း ဆို ကြောင်း၊ လက်ရှိ အကျပ်အတည်းသည် တစ်ဖက်တည်းအနေအထားဖြင့် မဖြေ ရှင်းနိုင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေး မှုကို ချက်ချင်း စတင်ရန် တိုက်တွန်းကြောင်း အာဆီယံ အထူးသံတမန်က တိုက်တွန်းပြောဆိုထားသည်။

အာဆီယံအထူးသံတမန်သည် ယခုလကုန်တွင် မြန်မာနိုင်ငံ လာရောက်ရန် ရှိနေ သည်။

Address

London
4642

Alerts

Be the first to know and let us send you an email when မႈခင္းSH-Medai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category