မြန်မာ့သတင်းပုံရိပ်

မြန်မာ့သတင်းပုံရိပ် သတင်းမှန်များကိုသာတာဝန်ယူဖေါ်ပြတင်ဆက်ပါသည်။ မြန်မ့သတင်းပုံရိပ်-အချိန်နှင့်တစ်ပြေးညီ သတင်းအမှန်များကိုသာတာဝန်ယူဖေါ်ပြနေသည် မီဒီယာတစ်ခုဖြစ်သည်။
(1)

မဟနဥက္ကဋ္ဌဆရာတော်အသစ်   သန်လျင်မင်းကျောင်းဆရာတော်အားတင်မြှောက်════════════════════════════════════𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍...
09/03/2024

မဟနဥက္ကဋ္ဌဆရာတော်အသစ် သန်လျင်မင်းကျောင်းဆရာတော်အားတင်မြှောက်
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐌𝐚𝐫𝐜𝐡 , 𝟗 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးကို ၊ ယနေ မတ်လ ၉ ရက် (စနေနေ့)တွင် ကျင်းပပြုလုပ်ခဲ့ရာ ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဖြစ် သန်လျင်မင်းကျောင်းဆရာ
တော်ဘုရားကြီး ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်အား တင်မြှောက်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၏ ပဓာနနာယက၊
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သည် သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါရှိပြီး ဆရာတော်ဘုရား၏ အကျိုးတော်ဆောင်ချုပ်နေရာအတွက်ကိုလည်း မန္တလေး မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ နိုင်ငံ
တော်ဗဟိုသံဃဝန်ဆောင်ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကို အတည်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်သတင်းပုံရိပ်
#မဟနဥက္ကဋ္ဌဆရာတော်
#သန်လျင်မင်းကျောင်းဆရာတော်
#တင်မြှောက်

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4680

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }

ဆရာတောျဘုရားကွီး ဘဒ်ဒန်တစန်ဒိမာဘိဝံသ မဟာထရျေအား တငျမွှောကျလိုကျကွောငျး သိရသညျ။

ယက၊ နိုငျငံတောျဗဟိုသံဃာ့ဝနျဆောငျအဖှဲ့ အကြိုးတောျဆောငျ ဆရာတောျ ဘဒ်ဒန်တစန်ဒိမာဘိဝံသ (အဂ်ဂမဟာပဏ်ဍိတ၊ အဂ်ဂမဟာသဒ်ဓမ်မဇောတိကဓဇ) သညျ သကျတောျ ၇၇ နှဈ၊ သိက်ခာတောျ ၅၇ ဝါရှိပွီး ဆရာတောျဘုရား၏ အကြိုးတောျဆောငျခြုပျနရောအတှကျကိုလညျး မန်တလေး မစိုးရိမျတိုကျသဈ မဟာနာယကအဂ်ဂမဟာပဏ်ဍိ
တ၊ အဂ်ဂမဟာဂန်ထဝါစကပဏ်ဍိတ၊ မဟာဓမ်မက

#မဟနဥက်ကဋ်ဌဆရာတောျ

https://t.me/yangonnewsimage/4680

ရှေ့နေတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သည့် တရားခံ ၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနစကထုတ်ပြန်════════════════════════════════════တရာ...
08/03/2024

ရှေ့နေတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သည့် တရားခံ ၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနစကထုတ်ပြန်
════════════════════════════════════
တရားခံများမှာ ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်နေဟုဆို
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐌𝐚𝐫𝐜𝐡 , 𝟖 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဆင်ရေကန်လမ်း၌ အထက်တန်းရှေ့နေတစ်ဦးအား ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်လုသည့် တရားခံ ၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်သည်။

ထိုဖမ်းမိတရားခံများမှာ ရန်ကုန်လူမိုက်ဟု နာမည်ထွက်နေသည့် ကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်း အရောက်၌ 4E-7950 Probox ခဲရောင်(ငှား)ယာဉ်က ဘေးမှ ပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ ၇ ဦး (စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက် ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်ယူဆောင်သွား‌သဖြင့် အရေး
ယူပေးရန် အထက်တန်းရှေ့နေ ‌ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြိုမ ရဲစ
ခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့်အမှုဖွင့်၍ စုံစမ်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် 4E-7950 Probox ခဲရောင်(ငှား) ယာဉ်‌၏ ယာဉ်မောင်းမှာ ကိုရဲ(ခ) ရဲကျော်လင်း ဖြစ်ကြောင်းသိရှိရပြီး ၎င်းအား ဖမ်းဆီးစစ်ဆေး ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ YGN-13 2E-6732 Toyota Hilux Surf နက်/ပြာရောင် မော်တော်ယာဉ် (၁)စီး၊ YGN-43 3E-5925 Suzuki Swift အပြာရောင် မော်တော်ယာဉ်တစ်စီးတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်း၌ ရောက်ရှိတိမ်း‌ရှောင်နေကြောင်း သတင်းရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော ငမျိုး(ခ) ကိုမျိုး(ခ) ရဲမျိုးသိန်းပါ (၆)ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင်(ခ) အရှည်ကြီးပါ ၃ ဦး၊ စုစု‌ပေါင်း ၉ ဦးအား စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ငမျိုး(ခ)ကိုမျိုး(ခ) ရဲမျိုးသိန်းသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၂၅/ ၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ၃၂၃/၁၁၄၊ ဝေဘာဂီနယ်မြေရဲစခန်း(ပ)၅၂၂/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ နှင့် ကမာရွတ်မြို့မရဲစခန်း
(ပ) ၂၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ အမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေသည့်အပြင် ငမျိုး(ခ)ကိုမျိုး(ခ) ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်းတို့ (၃)ဦးသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ရာတွင် အဓိက ဦးဆောင်သူများဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုများထံမှ စွပ်စွဲခံထားရသူများဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

ရန်ကုန်သတင်းပုံရိပ်
#​နစက သတင်းထုတ်ပြန်ချက်

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4670

[Unicode]
════════════════════════════════════
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }








https://t.me/yangonnewsimage/4670

နယ်စပ်ဒေသတရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံခြားသား ၂၂၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်း════════════...
07/03/2024

နယ်စပ်ဒေသတရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံ
ခြားသား ၂၂၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်း
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐌𝐚𝐫𝐜𝐡 , 𝟔 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { နယ်စပ်ဒေသ }

နယ်စပ်ဒေသတရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံ
ခြားသား ၂၂၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းခဲ့ကြောင်း နစကသတင်းထုတ်
ပြန်သည်

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါ
အဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်
စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၁၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးတို့ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၂၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂,၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ခဲ့ကာ သက်
ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ စနစ်တ
ကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်သတင်းပုံရိပ်
#နယ်စပ်ဒေသတရားမဝင်
#ဝင်ရောက်နေထိုင်သူ
#နိုင်ငံခြားသား ၂၂၀၀ ကျော်
#သက်ဆိုင်ရာနိုင်ငံများသို့
#ထပ်မံလွှဲပြောင်း

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4663

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }






https://t.me/yangonnewsimage/4663

ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်အပါအဝင် ၃ ဦးအားအကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးသွား════════════════════...
29/02/2024

ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခ
ချုပ်အပါအဝင် ၃ ဦးအားအကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးသွား
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟐𝟗 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ထားဝယ် }

ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခ
ချုပ်အပါအဝင် ၃ ဦးအားအကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ၊ နံနက် ၁၁ နာရီခွဲခန့်က၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံ
ခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်း
ဖက်သမားများက ကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ
၏တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

၎င်းအဖွဲ့သည် နည်းပညာ တက္ကသိုလ်(ထားဝယ်)
အတွင်းသို့ ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်အောင်အပါဝင် ၃ ဦးအား အတင်း
အဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏အနောက်
ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ ဆရာမများကိုအကာ
အကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်
ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိ​ကြောင်း နစကသတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်သတင်းပုံရိပ်
#​နစက သတင်းထုတ်ပြန်ချက်

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4646

[Unicode]
ထားဝယျနညျးပညာတက်ကသိုလျရှိ ဒုတိယပါမော
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ထားဝယျ }

ထားဝယျနညျးပညာတက်ကသိုလျရှိ ဒုတိယပါမော





https://t.me/yangonnewsimage/4646

ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့်မဘိမ်းမြို့နယ်တို့အားစစ်အုပ်ချုပ်ရေး (Martial Law)အမိန့်ထုတ်ပြန်═════════════════════...
29/02/2024

ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့်မဘိမ်းမြို့နယ်တို့အားစစ်အုပ်ချုပ်ရေး (Martial Law)အမိန့်ထုတ်ပြန်
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟐𝟗 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရှမ်းပြည်နယ် }

ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့်မဘိမ်းမြို့နယ်
တို့အား ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က စစ်အုပ်
ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်သတင်းပုံရိပ်
#​နစက သတင်းထုတ်ပြန်ချက်

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4648

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }



https://t.me/yangonnewsimage/4648

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ထုတ်ယူနိုင်ပြီ════════════════════════════════════𝐘𝐚𝐧𝐠...
25/02/2024

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ထုတ်ယူနိုင်ပြီ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟐𝟑 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

၂ဝ၂၄-ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားကြသောကျောင်းသား/
သူများ အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ
နိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ထုတ်ပြန်ကြေညာသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ၂၀၂၄-ခုနှစ်၊ ဖေဖော်
ဝါရီလ ( ၂၇ )ရက် အင်္ဂါနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်
တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။

ထို့အတူ ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

ရန်ကုန်သတင်းပုံရိပ်
#တက္ကသိုလ်ဝင်စာမေးပွဲ #ဖြေဆိုခွင့်ကတ်ပြား #ထုတ်ယူနိုင်

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4619

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }





https://t.me/yangonnewsimage/4619

ရွှေတိဂုံစေတီတော် (၁၆)ကြိမ်မြောက်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲဖွင့်ပွဲကျင်းပ════════════════════════════════════𝐘𝐚𝐧𝐠𝐨𝐧 ...
25/02/2024

ရွှေတိဂုံစေတီတော် (၁၆)ကြိမ်မြောက်မြန်မာ့ရိုး
ရာထမနဲထိုးပြိုင်ပွဲဖွင့်ပွဲကျင်းပ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟐𝟒 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

ရွှေတိဂုံစေတီတော် (၁၆)ကြိမ်မြောက်မြန်မာ့ရိုး
ရာထမနဲထိုးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်
နေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ၊ ညနေ ၄ နာရီက၊ ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ကြောင်း ရွှေတိဂုံ
စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကသိရသည်။

ထမနဲထိုးပြိုင်ပွဲတွင် ရွှေတိဂုံစေတီတော်ဗုဒ္ဓေ
၀ယျာ၀စ္စအသင်းများ၊အခွန်ထမ်းများ၊မိတ်ဖက်အသင်းများနှင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများအပါအ၀င်ပြိုင်ပွဲ၀င်အသင်းပေါင်း ၂၈ သင်းပါ၀င်ယှဥ်ပြိုင်ကြပြီး ပထမဆုရရှိသည့် လျှပ်စစ်နှင့်ရေသန့်ဌာနကို ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ရွှေလင်းအောင်ရွှေချအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် လုံခြုံမီးသတ်ဌာနကို ကျပ်(၆)သိန်း၊ စတုတ္တဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် ဗဟိုသိုလှောင်ရေးဌာနနှင့် ပြတိုက်ပြခန်းဌာနကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ဘဏ္ဍာရေးဌာန၊ မေတ္တာပါရမီအသင်းနှင့် လုပ်ငန်းမြို့ပြဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊သာသနာရေးနှင့်ယဥ်ကျေးမှု၀န်ကြီးဌာနဒုတိယ၀န်ကြီးဦးအေးထွန်း၊တိုင်းဒေသကြီး၀န်ကြီးများ၊ဂေါပကအဖွဲ့၀င်များ၊ပညာရှင်များ၊အကဲဖြတ်အမှတ်ပေးဒိုင်းလူကြီးများ၊စေတနာရှင်အလှူရှင်များ၊ဂေါပကရုံး၀န်ထမ်းများ၊ပြိုင်ပွဲ၀င်အသင်းနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရသည်။

ဓာတ်ပုံ- ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရန်ကုန်သတင်းပုံရိပ်
#ရွှေတိဂုံစေတီတော်
# ထမနဲထိုးပြိုင်ပွဲ

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4625

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }




ဓာတျပုံ- ရှှတေိဂုံစတေီတောျ ဘဏ်ဍာတောျထိနျးဂေါပကအဖှဲ့


https://t.me/yangonnewsimage/4625

ဘားအံမြို့မြို့နယ်တွင် ဇာတ်အဖွဲ့တင်ဆောင်လာသည့် ကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား၊ (၂)ဦး​ေ-သဆုံး၊(၁၀)ဦးဒဏ်...
19/02/2024

ဘားအံမြို့မြို့နယ်တွင် ဇာတ်အဖွဲ့တင်ဆောင်လာသည့် ကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်
ပွား၊ (၂)ဦး​ေ-သဆုံး၊(၁၀)ဦးဒဏ်ရာရ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟏𝟗 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

ဘားအံမြို့မြို့နယ်တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန်ခန့်က ၊ ဇာတ်အဖွဲ့တင်ဆောင်လာသည့် ကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှု ဖြစ်ပွား၊ (၂)ဦး​ေ-သဆုံး၊(၁၀)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ်အဖွဲ့မှသိရသည်။

""ဇာတ်အဖွဲ့ကားဗျ တောင်ပေါ်ကနေချောက်ထဲထိုးကျသွားတာ ၊ ဖြစ်ဖြစ်ခြင်းအမျိုးသမီးတစ်ဦး​ေ-သတယ်၊ (၁၁)ဦးဒဏ်ရာရတယ်ဗျ၊ အဲ့ဒိ(၁၁)ဦးထဲက
ဆေးရုံမှာ နောက်အမျိုးသမီး(၁)ဦးထပ်ဆုံးတယ်
ကြားတယ်ဗျ"" ဟု အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ၊ YNI ရန်ကုန်သတင်းပုံရိပ်မီဒီယာကိုပြောသည်။

ဖြစ်စဉ်ကြောင့်အမျိုးသမီး(၁)ဦး​ေ-သဆုံးပြီး၊
အနီရောင်အဆင့်လူနာ (၆) ဦး အဝါရောင်အဆင့် လူနာ (၄) ဦး အစိမ်းရောင်အဆင့်လူနာ (၁) ဦး စုစုပေါင်း(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

​သတင်းအရ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ် ၏ ရှာဖွေကယ်ဆယ်ရေး အဖွဲ့မှ
သွားရောက်၍ ဒဏ်ရာရလူနာများအား လိုအပ်သည်များ ဆောက်ရွက်ကူညီကာ၊ ထို​ေ-သဆုံးသူနှင့်ဒဏ်ရာရရှိသူများအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ နောင်လုံ ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ကမော့ကစင် ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ အုန်းတပင်၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ KCO တို့မှ ဘားအံ ပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ကူညီပေးခဲ့ကြသည်။

ထိုဒဏ်ရာရရှိသူ(၁၁)အနက် အမျိုးသမီး(၁)ဦးဆေးရုံတွင်ထပ်မံ​ေ-သဆုံးကြောင်းလည်းသိရသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ်

ရန်ကုန်သတင်းပုံရိပ်
#ဘားအံ
#ဇာတ်အဖွဲ့ကား


𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4607

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }









https://t.me/yangonnewsimage/4607

သင်္ကန်းကျွန်းရတနာလမ်းမပေါ် တွင်ဘေးတွဲဆိုင်ကယ်နှင့်Taxi တိုက်မှုဖြစ်ပွား၊(၁)ဦးဒဏ်ရာရ═══════════════════════════════════...
19/02/2024

သင်္ကန်းကျွန်းရတနာလမ်းမပေါ် တွင်ဘေးတွဲဆိုင်ကယ်နှင့်Taxi တိုက်မှုဖြစ်ပွား၊(၁)ဦးဒဏ်ရာရ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟏𝟗 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

သင်္ကန်းကျွန်းမြို့နယ်၊ ရတနာလမ်းမပေါ် ၊ မလိခအိမ်ယာရှေ့တွင် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းက ၊ဘေးတွဲဆိုင်ကယ်နှင့်Taxi တိုက်မိပြီးထိခိုက်ဒဏ်ရာရလူနာ(၁)ဦးရှိခဲ့ကြောင်း Medical လူငယ်
များလူမှုကူညီရေးအသင်း မှသိရသည်။

ဖြစ်ပွားရာသို့ အဆိုပါအသင်းမှသွားရောက်ကူညီ၍ ၊ ထိခိုက်ဒဏ်ရာရသူ အမျိုးသားကျား(၁)ဦးအား မြေပြင်ကုသမှုပြုလုပ်ပြီး သဃ်န်းကျွန်းစံပြဆေးရုံကြီးအရေးပေါ်ဌာနသို့ပို့ဆောင်ပြီးထိုမှတဆင့်မြောက်ဥက္ကလာပမေဓာဝီဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Medical လူငယ်များ လူမှုကူညီရေးပရဟိတအသင်း

ရန်ကုန်သတင်းပုံရိပ်
#သင်္ကန်းကျွန်း


𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4602

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }






https://t.me/yangonnewsimage/4602

သာကေတမြို့နယ်တွင် ကား(၅)စီးဆင့်တိုက်မှုဖြစ်ပွားကာ (၄)ဦးဒဏ်ရာရ════════════════════════════════════𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈...
16/02/2024

သာကေတမြို့နယ်တွင် ကား(၅)စီးဆင့်တိုက်မှုဖြစ်
ပွားကာ (၄)ဦးဒဏ်ရာရ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟏𝟓 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၂)လမ်းထိပ်တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ၊ ညနေ၅နာရီ ၄၀မိနစ်အချိန်ခန့်က ၊ ကား(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။

ဖြသ်စဉ်ကြောင့်အမျိုးသား(၄)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အကြောင်းကြားချက်အရ ၊ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီထွက်ခွါပြီး ယာဉ်လမ်းကြောရှင်းလင်းပေးခြင်း၊ထိခိုက်ဒါဏ်ရာရလူနာ အမျိုးသား(၄)ဦးတို့အား မြေပြင်ကုသမှုပေးခြင်း၊အဆိုပါဒါဏ်ရာရလူနာများအား အောင်မင်္ဂ
လာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းတို့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့

ရန်ကုန်သတင်းပုံရိပ်
#သာကေတ


𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4574

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }







https://t.me/yangonnewsimage/4574

ပြည်ပထွက်ခွာခွင့်များ ယခင်အတိုင်းပြောင်းလဲခြင်းမရှိဘဲ ဆောင်ရွက်ပေးလျှက်ရှိ​ကြောင်းအသိပေးထုတ်ပြန်════════════════════════...
16/02/2024

ပြည်ပထွက်ခွာခွင့်များ ယခင်အတိုင်းပြောင်းလဲခြင်းမရှိဘဲ ဆောင်ရွက်ပေးလျှက်ရှိ​ကြောင်းအသိ
ပေးထုတ်ပြန်
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐅𝐞𝐛𝐫𝐮𝐛𝐫𝐲 , 𝟏𝟓 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { နေပြည်တော် }

ပြည်ပထွက်ခွာခွင့်များ ယခင်အတိုင်းပြောင်းလဲခြင်းမရှိဘဲ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့ဖေဖော်ဝါရီလ ၁၅ ရက်
နေ့၌ အသိ‌ပေးကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အာဏတည်ကြောင်း
အမိန့်ထုတ်ပြန်ပြီးနောက် ပြည်သူများ၏ ပြည်ပ
ထွက်ခွာခွင့်များနှင့် ပတ်သက်၍ တားဆီးပိတ်ပင်နေသည်ဟု‌ သော ကောလာဟလ သတင်းအမှားများထွက်ပေါ်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်လျက်
ရှိသော နယ်စပ်ဝင်/ထွက်ဂိတ်များမှ လူဝင်မှုကြီး
ကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်
ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထား
သည်။

ရန်ကုန်သတင်းပုံရိပ်
#ပြည်ပထွက်ခွာခွင့်များ
#ယခင်အတိုင်းပြောင်းလဲခြင်းမရှိ

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 တွင်လည်းဖတ်ရှု့ရန်>>>>
https://t.me/yangonnewsimage/4572

[Unicode]
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }





https://t.me/yangonnewsimage/4572

Address

Yangon
Ranchi
130412

Alerts

Be the first to know and let us send you an email when မြန်မာ့သတင်းပုံရိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share