Mayyu TV News - မေယုတီဗီသတင်း

  • Home
  • Mayyu TV News - မေယုတီဗီသတင်း

Mayyu TV News - မေယုတီဗီသတင်း ဒို့ရိုဟင်ဂျာလူထု၏ သတင်းမီဒီယာပေါ် မတက်ဘဲ ကျန်ခဲ့တဲ့ သတင်းများကို တင်ဆက်မှာ ဖြစ်ပါသည်။
(6)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ဒေသခံရိုဟင်ဂျာများအပေါ် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့မှ ဇွန်လအတွင်...
03/07/2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ဒေသခံရိုဟင်ဂျာများအပေါ် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့မှ ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့သည့် မှတ်တမ်းကို
မေယုဒေသ လူ့အခွင့်အရေး မှတ်တမ်းတင်ရေး စင်တာ
မှ ထုတ်ပြန်သည်။

Mtv News__မေယုတီဗီသတင်း
ဇွန်လ ၃ရက်၊၂၀၂၄

11/12/2023

မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တပ်ဖွဲ့တို့၏ လှုပ်ရှားမှုကြားက ဒေသခံတွေ ကြောက်ရွံ့ စိုးရိမ် နေ

မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တပ်ဖွဲ့တို့၏ လှုပ်ရှားမှုကြားက ဒေသခံတွေ ကြောက်ရွံ့ စိုးရိမ် နေရသည်ဟု ဆို"နှစ်ဖက်ခ...
10/12/2023

မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တပ်ဖွဲ့တို့၏ လှုပ်ရှားမှုကြားက ဒေသခံတွေ ကြောက်ရွံ့ စိုးရိမ် နေရသည်ဟု ဆို

"နှစ်ဖက်ချွန် အာလ်ကာမာဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကြောင့် လက်နက်ကိုင်တွေ အပြိုင်အဆိုင် ခြေကုပ်ယူနေသည်ဟုဆို"

Mayyu TV News | Dec 10, 2023(Sunday)


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရေခပ်ချောင်းခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အာလ်ကာမာသည် ARSA အဖွဲ့ နှင့်ရော AA နှင့်ပါ ဆက်နွယ်မှုရှိနေပြီး ဒေသအခြေအနေကို တည်ငြိမ်မှု မရှိအောင်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေခပ်ချောင်းခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အလ်ကာမာသည် ပြီးခဲ့တဲ့နှစ်က နတ်မြစ် လယ်ရှိ (လာလ်ဒီယာ) ခေါ် ဦးစောလှ ကျွန်းရှိ ပုဇွန်ကန်ကို စစ်ကောင်စီထံမှ တစ်နှစ်အတွက် အငှားယူပြီးနောက် ARSA အဖွဲ့ဆီ ထပ်ဆင့် ငှားရမ်းပေးခဲ့ကြောင်း၊ ဒီနှစ်မှာလည်း အလားတူ ငှားရမ်းပေးမည်ဟု ဆိုကာ ARSA အဖွဲ့ထံမှ ကျပ်ငွေ သိန်း (၁၀၀၀) ကျပ် ကြိုတင်ယူခဲ့ပေမယ့် လေလံဆွဲ မအောင်လို့ မငှားနိုင်တာကြောင့် ARSA အဖွဲ့ နှင့် မျက်နှာပျက်ခဲ့ရတယ်လို့ သိရပါတယ်။

ARSA အဖွဲ့ထံမှ ယူထားတဲ့ ကျပ်ငွေ သိန်း ၁၀၀၀ (တစ်ထောင်) ကို အာလ်ကာမာ က ပြန်မပေးလိုတာကြောင့် ရေခပ်ချောင်းခွဆုံ ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ရခိုင်တပ် AA ကို ခေါ်ဆောင်ထားကြောင်း ရွာသားတစ်ဦးက အခုလိုပြောပါတယ်။

" အာလ်ကာမာဟာ ရေခပ်ချောင်းခွဆုံ ကျေးရွာက အုပ်ချုပ်ရေးမှုးဟောင်းတစ်ဦးပါ။ သူက ပုဇွန်ကန်​ တွေကို စစ်ကောင်စီထံမှ နှစ်စဉ် အငှားယူတယ်။ယမန်နှစ်က နတ်မြစ်လယ်ရှိ (လာလ်ဒီယာ ခေါ် ဦးစောလှ) ကျွန်းအတွင်းရှိ ပုဇွန်ကန်​ကို စစ်ကောင်စီထံမှ အငှားယူခဲ့ပြီး ARSA အဖွဲ့ ကို ထပ်ဆင့် ငှားခဲ့တယ်။ လာမည့် ၂၀၂၄ ခုနှစ် အတွက် ငှားရမ်းဖို့ ARSA ထံမှ ကျပ်ငွေသိန်း ၁၀၀၀ ကြိုတင်ယူခဲ့ပေမဲ့ လေလံဆွဲ မအောင်လို့ အလုပ်မဖြစ် ခဲ့ဘူး။ ARSA ဆီမှ ယူထားတဲ့ငွေကို ပြန်ပေးရမယ်ဆိုတော့ ယခု ရေခပ်ချောင်းခွဆုံ၊ သရက်အုပ်၊ သူဦးလာ၊ ‌ကျားခေါင်းတောင် စတဲ့ အနီးတစ်ဝိုက်ကျေးရွာတွင် လှုပ်ရှားနေတဲ့ ARSA တပ်ဖွဲ့ဝင်များကို နှင်ထုတ်ဖို့ ရခိုင်တပ် AA ကို အလ်ကာမာ က မဟုတ်မမှန်အကြောင်းအရာတွေ ခင်းကျင်းထားပြီး ဖိတ်ခေါ်ထားတယ်။ အဲ့ဒါကြောင့် အခု ကျွန်ုပ်တို့ ရွာ၏ အနီးအနား လက်နက်ကိုင်ပေါင်းစုံ မြင်ရပါတယ်။" ဒီလိုနဲ့ မောင်တောမြောက်ပိုင်းက ရိုဟင်ဂျာ ရွာသားတွေရဲ့ အခြေအနေက တော်တော်ဆိုးလာတယ်လို့ ဆိုပါတယ်။

ARSA အဖွဲ့သည် မောင်တောမြောက်ပိုင်းက ရေခပ်ချောင်းခွဆုံ၊ သူဦးလာ၊ ကျားခေါင်းတောင်၊ သရက်အုပ်၊ ပွင့်ဖြူချောင်း၊ ဓါးကြီးစား စတဲ့ ကျေးရွာတွေမှာ ခြေကုပ်ယူပြီး ပြန်ပေးဆွဲမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းလည်းထွက်ခဲ့ပါတယ်။ အဲ့ဒီကျေးရွာများမှာ ရခိုင်တပ် AA တပ်ဖွဲ့က နေရာပြန်ယူကြတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ မောင်တောမြောက်ပိုင်းတွင် အရောင်စုံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ခြေကုပ်ယူနေလို့ ဒေသခံများအတွက် အခက်အခဲဖြစ်နေသည့်အပြင် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ထိတိုက်မှုတွေရှိယင်း အသက်အန္တရာယ်အထိ စိုးရိမ်မှု​တွေ ဖြစ်‌နေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်တွင် မောင်တောမြို့နယ် တောင်းပိုင်းက ဒုညောင်ပင်ကြီး ကျေးရွာမှ မြို့ပေါ်သို့ ဆိုက်ကယ်မောင်းသွားသည့် အသက် ၁၇ နှစ် အရွယ် အေနာမူလ်ဟာဆောင်ကို တပ်ဦးချောင်း(ဘရုံးနားကျေးရွာ)အုပ်စု နူရူလ္လာရွာ အရ်ဗီကျောင်းအနီး တပ်စွဲထားတဲ့ ရခိုင်တပ် AA က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။



Mayyu TV News

09/12/2023

ရိုဟင်ဂျာလူငယ် ၁ ဦးအား ရခိုင့်တပ် AA က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်

ARSA အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် တစ်ရက်တည်းအတွင်း သေဆုံးသူ ၅ ဦးအထိရှိလာ။Mayyu TV News | Friday, Dec 8, 2023ဘင်္ဂလားဒေ့ရ...
08/12/2023

ARSA အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် တစ်ရက်တည်းအတွင်း သေဆုံးသူ ၅ ဦးအထိရှိလာ။

Mayyu TV News | Friday, Dec 8, 2023

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့စ်ဘာဇာခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက နေရာ ၃ ခုတွင် ARSA ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၅ ဦးသေဆုံးခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။

သေဆုံးသွားသူတွေဟာ
-စခန်း ၁၅ Block G 7 က အနိုဝါဆာဒဲက်(ဘ) မိာဟာမတ်ရှော်ဖီ ၁၇ နှစ်၊
-စခန်း ၁၅ Block G 3 က မိုဟာမတ်ဇူဘိုင် (ဘ)အာလီ ၊ ၁၆ နှစ်
-စခန်း ၁၅ Block G 3 က ဇိုင်နော်လာဒိန်(ဘ)အာမတ်အူလာ ၊ ၂၅ နှစ်
-စခန်း ၁၇ Block C - 77 က အဘူကာသိမ် (ဘ)ဘော်ရှော်၊၂၅ နှစ်
-စခန်း ၁ အရှေ့ Block G 12 က အီမာန်ဟူစိန်(ဘ)မော်နီတူလာ ၂၃ နှစ် တို့ဖြစ်ပါတယ်။

ARSA ခေါင်းဆောင်အာတာအူလာအပါအဝင် ၅၁ ဦးကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးက ဝရမ်းထုတ်ခဲ့ပြီး နောက် တစ်ရက်အကြာတွင် ဒုက္ခသည်စခန်းက နေရာ ၃ ခုကို တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၂ ခုနစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် zero point တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိ Rezuwan Rashidi နဲ့ RAB 15 မှတပ်ဖွဲ့ဝင် Shohel Borowa တို့ကိုသတ်ဖြတ်မှုနှင့် ARSA အဖွဲ့ဝင် ၅၁ ဦးအတွက် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းတရားရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မောင်တောမြို့နယ်တွင် ရိုဟင်ဂျာလူငယ် ၁ ဦးအား ရခိုင့်တပ် AA က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်Mayyu TV News | Friday, Dec 8, 2023ရ...
08/12/2023

မောင်တောမြို့နယ်တွင် ရိုဟင်ဂျာလူငယ် ၁ ဦးအား ရခိုင့်တပ် AA က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်

Mayyu TV News | Friday, Dec 8, 2023

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးကျေးရွာတွင် နေထိုင်သူ အေနာမုလ်ဟာဆောင်း (ဘ) ဟာဖိဇ် မော်လဝီ အီနုစ် အား ရခိုင်တပ် AA က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း သိရသည်။

"ဒီဇင်ဘာလ ၈ ရက်နေ့၊ ညနေ့ပိုင်း ၃း၀၀ နာရီခန့် အချိန်တွင် အဆိုပါ ရခိုင့်တပ် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခံရသူ ရိုဟင်ဂျာလူငယ်လေး အေနာမုလ်ဟာဆောင်း အသက် ၁၇ နှစ်သည် မောင်တောမြို့သို့ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ ဆိုက်ကယ်ဖြင့် သွားနေစဥ်၌ တပ်ဦးချောင်း(ဘဂုံးနား)ကျေးရွာအုပ်စုရှိ နုရူလ္လာရွာ၏ အာရဗီစာသင်ကျောင်းကြီး( မော်ဒေါရ်ဆာ )နဲ့ ကပ်လျက် ရှိနေတဲ့ စစ်ကောင်စီ၏ ကင်းစခန်းငယ်ဟောင်းတစ်ခု၌ နေရာယူထားတဲ့ ရခိုင့်တပ် AA က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် လိုက်တာပါ" ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

အသတ်ခံရသူ အေနာမုလ်ဟာဆောင်းသည် မောင်တော အထက်တန်းကျောင်း၌ စာသင်နေတဲ့ (Grade 10) ၏ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

အသတ်ခံရသူရိုလူငယ်လေး၏ မိသားစုသည် ၂၀၁၇ ခုနှစ် မတိုင်ခင်က ဘဂုံးနားကျေးရွာတွင်နေထိုင်ခဲ့သူများ ဖြစ်ပြီး မြန်မာ့စစ်တပ်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးမှာ ရိုဟင်ဂျာကျေးရွာများကို ပစ်မှတ်ထား မီးရှိုးရှင်းလင်းခဲ့သောကြောင့် ဘဂုံးနား(တပ်ဦချောင်း)ကျေးရွာ တစ်ခုလုံးကို ပြာချသွာခဲ့ပြီ၊ ရွာသူရွာသား အားလုံးနီးပါးခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ထွက်ပြေးခိုလှုံလာခဲ့ပြီး အသတ်ခံရသူ၏ မိသားစုသည် အနီးအနားရှိ ဒုညောင်ပင်ကြီးကျေးရွာသို့ ခိုလှုံနေထိုင်လာကြောင်း သိရသည်။



Mayyu TV News

ဓာတ်ပုံ/ ရိုလူငယ်လေး အေနာမုလ်ဟာဆောင်း၏ ရုပ်အလောင်းကို ရွာသူရွာသားများက ရခိုင့်တပ် AA ၏ တပ်စခန်းကနေ သယ်ယူလာနေစဥ်

06/12/2023

Rohingya News Today 6th December, 2023 | ရိုဟင်ဂျာဘာသာ သတင်းအစီအစဉ်

03/12/2023

Rohingya News Today 3rd Dec, 2023
ရိုဟင်ဂျာဘာသာ သတင်းအစီအစဉ်

30/11/2023

ရခိုင်ပြည် စစ်ပွဲ စတင်နေတာ ၁၇ ရက်မြောက် ရောက်ရှိနေပြီ၊ ပြည်သူလူထု၏ နေရပ်ရေးထိုင်ရေး စားဝတ်နေရေး ကျပ်တည်းမှု ဆိုးရွားလာနေ...
30/11/2023

ရခိုင်ပြည် စစ်ပွဲ စတင်နေတာ ၁၇ ရက်မြောက် ရောက်ရှိနေပြီ၊ ပြည်သူလူထု၏ နေရပ်ရေးထိုင်ရေး စားဝတ်နေရေး ကျပ်တည်းမှု ဆိုးရွားလာနေကြောင်း ဒေသခံတွေက ပြော

(ရခိုင်စစ်ပွဲ ရပ်တန့်ရန် အခြေအနေ မ‌ရှိပေ၊ ပြည်သူလူထု၏ စိုးရိမ်းမှု တစ်နေ့ထက်တစ်နေ့ တိုးလာနေကြောင်း သိရသည်။)

ရခိုင်ပြည်နယ်၏ လူတွေသည် စစ်ပွဲဒဏ်ခံနိုင်ရည်ရှိတဲ့ လူတွေမဟုတ်ပါဘူး၊ ချမ်းသာတဲ့လူတွေက ၃ လ သို့မဟုတ် ၄ လ လောက် အိမ်အပြင်မထွက်ဘဲ စားသောက်လို့ရပေမယ့် တစ်နေ့လုပ် တစ်နေ့စား လူတွေအတွက် တာရှည်စစ်ဘေးဒဏ် ခံနိုင်ဖို့ မဖြစ်နိုင်ပါ။ ရခိုင်ပြည်နယ်မှာ ၈၀ ရာခိုင်နှုန်း​ခန့် လူတွေသည် ဆင်းရဲပြီး အစိုးရမရှိတဲ့ တိုင်းပြည်ကဲ့သို့ ကိုယ့်အားကိုယ့်ကိုး စားသောက် အသက်ရှင်နေထိုင်ကြပါတယ်။

အထူးသဖြင့်၊ ၂၀၁၂ ခုနှစ်၌ ရိုဟင်ဂျာတို့၏ နေအိမ်များကို မီးရှိုးဖျက်ဆီးပြီး ပြည်တွင်း IDP စခန်းများမှာ ရိုဟင်ဂျာ ၁ သိန်း ၅ သောင်းကျော်ခန့် ထိန်းသိမ်းထားခဲ့ပါသည်။ အခြားတစ်မျိုးသည် ၂၀၁၇ ခုနှစ်၌ မြန်မာ့စစ်တပ်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်မပြေးဘဲ ပြည်တွင်း၌ ကျန်ခဲ့တဲ့ ရိုဟင်ဂျာများဖြစ်ပါသည်။ ၎င်းတို့၏ ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားပြီး မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင် မြို့နယ်များတွင် ပိတ်လှောင်ထားကြောင်း သိရသည်။ ဤကဲ့သို့သော် အခြေအနေအောက်တွင် ပြည်တွင်း၌ ကျန်ခဲ့တဲ့ ရိုဟင်ဂျာများသည် ၇ သိန်းကျော်ခန့် ရှိသည့် ဟု မြန်မာ့အစိုးရ၏ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးစုသည် မြန်မာ့စစ်တပ်အစိုးရအသီးသီး၏ ခွဲခြားဆက်ဆံမှုကို ကြုံတွေ့လာရတာ နှစ်ပေါင်းများစွာ ရှိနေပြီး ဖြစ်ပါသည်။ နောက်ဆုံး ၂၀၁၀ ခုနှစ် မြန်မာ့စစ်တပ်၏ အကြီးအကဲဟောင်း ဦး သိန်းစိန်လက်ထက်၌ ၎င်းတို့၏ ခွဲခြားဆက်ဆံမှု အထွပ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာ့တိုင်းရင်းသားလူမျိုးစုများမှာ ရိုဟင်ဂျာလူမျိုးမရှိပါဘူး ဟု လူသိထင်ရှား ပြောကြားခဲ့ပြီး၊ ၂၀၁၂ ခုနှစ်၌ ဖြစ်ပွားခဲ့တဲ့ ပဠိပက္ခကို သမ္မတဟောင်း ဦး သိန်းစိန် ကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့ပါတယ်။ အလားတူ ၂၀၁၇ ခုနှစ်မှာလည်း ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းစစ်ဆင်ရေး ကျင်းပခဲ့ပြီး တိုင်းပြည်ကနေ ထွက်သွားစေခဲ့ပါသည်။ ဤနည်းအားဖြင့် ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာ့စစ်တပ်က လူမျိုးတုံးသုတ်သင်ရှင်းလင်းရန် ခွဲခြားဆက်ဆံမှုကို အ‌ခြေခံပြီး အကြိမ်ကြိမ် နှိပ်ကွယ်မှုများ ပြုလုပ်ခဲ့တဲ့အတွက် နောက်ထပ် စစ်ပွဲဒဏ်ခံနိုင်ရည် မရှိဟု ကုလ၏ စုံးစမ်းတွေ့ရှိချက်မှာ ဖော်ပြချက်အရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို လိုလားခြင်းမရှိပဲ ပြည်သူလူထု အားလုံး တစ်‌သဘောတည်း တစ်ဆန္ဒတည်း ရှိနေကြောင်း သိရသည်။ ထိုသို့သော်အခြေအနေကို စစ်ကောင်စီက နှစ်သက်လိမ္မည်မဟုတ်ဘဲ၊ ရခိုင်ပြည်နယ်မှာ အမျိုးမျိုးသော အကြောင်းအရာများ ဖန်တီး၍ စစ်မြေတလင်း ဖြစ်လာရန် စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးစားနေတာ ဖြစ်ကြောင်း ဒေသခံတွေ၏ ပြောကြားချက်အရ သိရသည်။

နေရာဒေသတစ်ခု၏ တည်ငြိမ်ရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာခြင်းသည်

စစ်ပွဲကြောင့် ဖြစ်ပေါ်လာမည်ဘေးအန္တရာယ်က အင်မတန်များပြားလှပြီး၊ စစ်ပွဲဖြစ်ပွားရာနေရာဒေသက အရပ်သားပြည်သူလူထုသည် ဟိုပြေးဒီပြေး ဟိုဘက်ခိုလှုံ ဒီဘက်ခိုလှုံ အစာရေစာပြတ် ငတ်မွတ်မှုဒဏ်ကို ရေရှည်ခံစားရမည်မှာ အသေအချာပင်ဖြစ်ပြီး၊ နိုင်ငံတကာ၏ ကြားဝင်ဖြေရှင်းမှုမရှိဘဲ စစ်ပွဲကို ရပ်တန့်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတကာ ပညာရှင်များ၏ ပြောဆိုချက်အရ သိရသည်။

ရခိုင်စစ်ပွဲ စ ဖြစ်ပွားလာတာနဲ့အမျှ ရခိုင်ပြည်နည်သို့ ကုန်ပစ္စည်းစီးဆင်းမှု ရေလမ်း နဲ့ ကုန်းလမ်း ၂ မျိုးစလုံးကို ပိတ်ပင်ထားနေပြီး ယနေ့ ၁၅ ရက်အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ စားသောက်ကုန်ပစ္စည်းများ နဲ့ ဆေးရုံးတွေမှာ ဆေးဝါးများ ပြတ်လတ်နေပြီ၊ ရခိုင်ပြည်နယ်သို့ ခရီးသွားလာခွင့် နဲ့ Humanitarian Agency များ၏ Services များကိုလည်း ပိတ်ပင်ထားကြောင်း ဒေသခံတွေရဲ့ ပြေပြချက်အရ သိရသည်။

29/11/2023

ရခိုင်စစ်ပွဲ ရပ်တန့်ရန် အခြေအနေ မရှိပေ၊ ပြည်သူလူထု၏ စိုးရိမ်းမှု တစ်နေ့ထက်တစ်နေ့ တိုးလာနေ

28/11/2023

Rohingya News Program
29th Nov, 2023
ရိုဟင်ဂျာဘာသာ သတင်းအစီအစဉ်

26/11/2023

Mayyu Tv Rohingya News Program
26th November

24/11/2023

Mayyu Tv Rohingya News Program
24th November, 2023

21/11/2023

ရိုဟင်ဂျာလူမျိုးစုကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေ မရှိပါဘူး၊ ရိုဟင်ဂျာတွေရဲ့ မည်သည့်အခက် အခဲများကိုမဆို ခေါင်းဆောင်တွေက မသိကြပါဘူး

21/11/2023

Mayyu Tv Rohingya News Program

19/11/2023

Mayyu Tv Rohingya News Program
19th November
and their
#နစက

16/11/2023

Mayyu Tv Rohingya News Program
17th November
Rohingya suffers and dies in the between and
#နစက

15/11/2023

ရိုဟင်ဂျာနေရပ်ပြန်ရေးဆွေးနွေးနေချိန် တကျော့ပြန် ရခိုင်တိုက်ပွဲ ဖြစ်လာဟု သုံးသပ်သူများက ပြော
#နစက

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးနေချိန် တကျော့ပြန် ရခိုင်တိုက်ပွဲ ဖြစ်လာဟု သုံးသပ်သူများက ပြော(စစ်ကောင်စီသည် ရိုဟင်ဂျာတွေ ...
15/11/2023

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးနေချိန် တကျော့ပြန် ရခိုင်တိုက်ပွဲ ဖြစ်လာဟု သုံးသပ်သူများက ပြော

(စစ်ကောင်စီသည် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို ရခိုင်တပ် AA ၏ သဘောတူညီချက်မရဘဲ မည်သည့်အခါ၌မျှ လုပ်နိုင်မည်မဟုတ်)

Mayyu TV News| November 15

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ဆိုင်ရာ ရခိုင်အရပ်ဘက်လူမျိုးစု နိုင်ငံရေး ခေါင်းဆောင်များ၏ သဘောတူညီချက်များကို ရယူပြီး နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြန်ခေါ်နိုင်ရေးအကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့အောင်မြင်မှု မရရှိခဲ့ပါဘူး။

အခြားတဘက်မှာ စစ်ကောင်စီသည် ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ရေးကို ရခိုင်တပ် AA ၏ သဘောတူညီချက်မရဘဲ မည်သည့်အခါ၌မျှ လုပ်နိုင်မည်မဟုတ်ဟု သုံးသပ်သူများ၏ ပြောကြားချက်တွေလည်း ရှိသည်။

မြန်မာ နဲ့ ဘင်္ဂလား အစိုးရတို့၏ နေရပ်ပြန်ခေါ်မယ့်လူတွေသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ် ၃ ခုက လူတွေဖြစ်ပြီး ၎င်းတို့အား ပြန်ခေါ်မည်ဟု ၂၀၁၈ ခုနှစ်မှာ ၂ နိုင်ငံ နားလည်မှုသဘောတူစာချုပ် MoU လက်မှတ်ရေးထိုးထားခဲ့ပါသည်။

အဆိုပါ ၂ နိုင်ငံဆိုင်ရာ MoU စာချူပ်ကို အရပ်ဘက်ရခိုင်နိုင်ငံရေးသမားများက ကန့်ကွက်ခဲ့ဖူးပြီး ၎င်းတို့ရခိုင်တွေ၏ တောင်းဆိုချက် ကို ထည့်သွင်းရန် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ AA လက်နက်ကိုင်အဖွဲ့ မဟုတ်တဲ့ ရခိုင်ပြည်နယ် အစိုးရ နဲ့ စစ်ကောင်စီ တို့က ရိုဟင်ဂျာတွေကို နေရပ်ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲ အကြိမ်ကြိမ် လုပ်ခဲ့ပြီး သဘောတူထားခဲ့ပါသည်။

စစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်အစိုးရနဲ့ မြန်မာ့စစ်တပ်ခေါင်းဆောင်များ၏ ရိုဟင်ဂျာနေရပ်ပြန်ရေး သဘောတူညီချက်များမှာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ခေါ်လာမယ်သူတွေကို မောင်တောမြောက်ပိုင်းမှာ ကျေးရွာသစ် ၁၅ ရွာခန့် မှာ နေရာချထားရန် နဲ့ အဲ့ဒီ ၁၅ ရွာကို ခြံဆူးကြိုးများဖြင့် ဘေးပတ်လည်ဝိုင်းကာထားပြီးဝင်ပေါက် -ထွက်ပေါက် များကို လုံခြုံရေးကင်းစခန်များ ချထားရန် ဖြစ်ပါသည်။

၎င်းတို့ ရခိုင်အရပ်ဘက်ခေါင်းဆောင်များသည် ရိုဟင်ဂျာတွေကို ရခိုင်ဒေသက မူလဘူတဒေသခံ နေထိုင်သူများဟု လက်ခံခြင်း မရှိပါဘူး။

သို့သော် စစ်ကောင်စီက ရိုဟင်ဂျာနေရပ်ပြန်ရေးအစီစဥ်ကို စတင်ရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရောက် ရိုဟင်ဂျာဒုက္ခသည်များနဲ့ အကြိမ်ကြိမ်သွားရောက် ဆွေးနွေးခဲ့ကြပေမယ့် ရိုဟင်ဂျာတွေရဲ မူလရပိုင်ခွင့်နဲ့ပတ်သက်ပြီး တောင်းဆိုမှုကို စစ်ကောင်စီက လျစ်လျူရှုနေတာကြောင့် နေရပ်ပြန်ကိစ္စဟာ ဖြစ်မလာခဲ့ပါဘူး။

နေရပ်ပြန်ရေး အကောင်အထည်ဖော်ဖို့ ရိုဟင်ဂျာဒုက္ခသည်များ၏ တောင်းဆိုချက်များသည် နိုင်ငံသားအခွင့်အရေး တန်းတူရရှိရေး၊ ၂၀၁၇ ခုနှစ်၌ မတိုင်မီက နေထိုင်ခဲ့တဲ့ ရပ်ရွာတွေမှာ သွားရောက်ပြန်လည်နေထိုင်ရေး၊ ဆုံးရှုံးခံခဲ့ရသည့်ပိုင်ဆိုင်မှုများကို လျော်ကြေးရရှိရေး နဲ့ နယ်မြေရှင်းလင်းရေးကြောင့် အသက်ဆုံးရှုံးခံခဲ့ရသည့် မိသားစုတွေအတွက် တရားမျှတမှု ရရှိရေးပင် ဖြစ်ပါသည်။

"ရိုဟင်ဂျာဒုက္ခသည်များ၏ တောင်းဆိုချက်များကို မြန်မာဘက်က လိုက်လျောသဘောတူထားခြင်း မရှိတဲ့အတွက် နေရပ်ပြန်ရေး အကောင်အထည်ဖော်လာခြင်း မရှိတာလို့" ဘင်္ဂလားအစိုးရ၏ ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကော်မစ်ရှင် RRRC က ပြောဆိုထားတာလည်း ရှိခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များ၏ နေရပ်ပြန်ရေး နဲ့ ပက်သက်ပြီး ကုလသမဂ္ဂအပါအဝင် ဘင်္ဂလားအစိုးရ၏ ရပ်တည်ချက်သည် မိမိဆန္ဒအလျောက် လုံခြုံစိတ်ချရတဲ့ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေး ဖြစ်ဖို့ ရိုဟင်ဂျာပြဿနာ၏ မူလဇာတ်မြစ်ကို ဖြေရှင်းရန် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်၌ မြန်မာ့စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနစ်သိန်းကျော်ခန့် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။ ၎င်းထွက်ပြေးခဲ့ကြသူများ ရိုဟင်ဂျာလူမျိုးစုကို နေရပ်ပြန်ခေါ်ဖို့ မြန်မာ နဲ့ ဘင်္ဂလားတို့က တရုတ်နိုင်ငံ၏ ကြားဝင်ဖျန်ဖြေပေးမှုဖြင့် အနည်းဆုံး ၂ ကြိမ်အထိ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ယခု ၂၀၂၃ ခုနှစ် နောက်ဆုံးထားပြီး လာမည့် ဒီဇင်ဘာလမှာလည်း တတိယအကြိမ်အားဖြင့် ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်မည့် အချိန်အဖြစ် ဘင်္ဂလား-မြန်မာ ၂ နိုင်ငံတို့က အစီစဉ် ရေးဆွဲထားခဲ့ပေမယ့် အခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် အောင်မြင်နိုင်မယ့် အလားအလာကောင်းတွေ မရှိကြတာ တွေ့ရနိုင်မည် ဖြစ်ပါသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၅ နာရီခန့်အချိန်မှ စ၍ ရသေ့တောင်မြို့နယ်၊ မင်းပြား နဲ့ ကျောက်တော် စသည့် မြို့များတွင် တကျော့ပြန် ရခိုင်တပ် AA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်နေပြီး နယ်ခြားစောင့်ရဲတပ်စခန်းများအပါအဝင် မြို့နယ်ဆိုင်ရာ ရဲစခန်းများကိုလည်း ကျည်ဆံအသုံးမပြုဘဲ သိမ်းပိုက်လိုက်ပြီးဟု ရခိုင်ပြည်အခြေစိုက် မီဒီယာများက အတည်ပြု ဖော်ပြချက်အရ သိရသည်။

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကိစ္စဟာ နိုင်ငံ တကာတရားရုံး ICJ ၌ ချေပနိုင်ဖို့ စစ်ကောင်စီအတွက် အရေးကြီးနေသလို့ အခြားတစ်ဖက်မှာ ရခိုင့်တပ် AA ကလည်း သူတို့ ဦးဆောင်ပြီး နေရပ်ပြန်ခေါ်ဖို့ စိတ်ဝင်စား ခဲ့တာလည်းရှိပါတယ်။ လက်ရှိအချိန်မှာတော့ နေရပ်ပြန်ဖို့ ကိစ္စ နီးကပ်လာခဲ့တာနဲ့ စစ်ပွဲတွေဖန်တီးနေတယ်ဆိုတာ သိသာနေတယ် လို့ သုံးသပ်သူတွေကဆိုပါတယ်။

14/11/2023

Mayyu Tv Rohingya News Program
14th November, 2023
Ongoing between and affects ?
#နစက

11/11/2023

Mayyu Tv Rohingya News Program
12th November, 2023
and

10/11/2023

Mayyu Tv Rohingya News Program
10th November, 2023
of who are from camps to other

08/11/2023

Mayyu Tv Rohingya News Program
9th November, 2023
can affect situation in the

07/11/2023

Mayyu Tv Rohingya News Program
8th November, 2023
Life in
#နစက

06/11/2023

Mayyu Tv Rohingya News Program
7th November, 2023
How will get back their home ?
#နစက

05/11/2023

Mayyu Tv Rohingya News Program
6th November, 2023
in
#နစက

04/11/2023

Mayyu Tv Rohingya News Program
5th November, 2023

#နစက

04/11/2023

မေယုတီဗီ မြန်မာဘာသာ အစီအစဉ်
ဘင်္ဂလားဒေရ်ှ့နိုင်ငံမှာ အဖွဲ့အတွက် ရွေးချယ်စရာလမ်းတွေမရှိ
#နစက

03/11/2023

Mayyu Tv Rohingya News Program
4th November, 2023
Five members are arrested

#နစက

Address


Telephone

+8801981166535

Website

Alerts

Be the first to know and let us send you an email when Mayyu TV News - မေယုတီဗီသတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mayyu TV News - မေယုတီဗီသတင်း:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share