28/09/2022
အားလုံးပဲမင်္ဂလာပါဗျ🙏
ဒီနေ့မှာတော့ ကျွန်နော်တို့Xylo Gaming ကနေ ပီးတော့ မြန်မှာ နိုင်ငံမှာ MPL official ပြိုင်ပွဲတွေ မတိုင်ခင် ကျင်းပခဲ့ဖူးတဲ့ Myanamr Regionရဲ့ Mobile Legend Tournnaments ပွဲတွေအကြောင်းကို ကျွန်နော် Knowledge တစ်ခုအနေနက်Broတို့အားလုံးကိုမျှဝေပေးချင်ပါတယ်။
Mobile Legend Bang Bangဟာဆိုရင် (2016)ခုနှစ်မှာ တရားဝင်ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
အာ့ဒီနောက်ပိုင်းအရှေ့တောင်အာရှနယ်ပယ်တွေမှာစတင်ပီးတော့လူသိများခဲ့တာပဲဖြစ်ပါတယ်။
ထွက်ရှိပီးတစ်နှစ်လောက်အကြာမှာ လူတွေရဲ့စိတ်ဝင်စားမူကိုရလာတာနက်အညီ Tournaments ပွဲတွေစကျင်းပလာခဲ့ပါတယ်။
MLBB South East Asia Cupကတစ်ဆင့်ပိုမိုကျယ်ပြန့်ပြီးပိုမိုကြီးကျယ်တဲ့ Mobile Legend Professional League(MPL) Tournaments ပြိုင်ပွဲတွေကိုစတင်ကျင်းပလာခဲ့ပါတယ်။
2017ကုန်ခါနီးမှာMSC စတင်ကျင်းပခဲ့ပြီးတော့ 2018မှာတော့MPL season (1)ပြိုင်ပွဲစတင်ကျင်းပခဲ့ပါတယ်။
ကျွန်နော်တို့မြန်မာနိုင်ငံမှာလဲ MPL Tournaments ပြိုင်ပွဲတွေစတင်မကျင်းပနိုင်ခင်အချိန်တည်းက မြန်မာနိုင်ငံကMobile Legend playerလူငယ်တွေက Tournaments တွေစတင်ပြိုင်ဆိုင်ခွင့်ရဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။
(2017) ဇွန်လမှာမြန်မှာနိုင်ငံရဲ့ ပထမဦးဆုံးTournament ပြိုင်ပွဲကိုစတင်ကျင်းပနိုင်ခဲ့ပါတယ်။
အဲ့နောက်မှာတော့ (2017) ဩဂုတ်လမှာတော့ Hawei ကဦးစီးကျင်းပတဲ့ Hawei Esports Gaming Challenge CupကိုJunction Square မှာကျင်းပခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့ Winner အနေနက် Team Accident(TA2) က ရရှိခဲ့ပါတယ်။(2018)ဇွန်လ မှာတော့ Zurich Media Organizations ကကျင်းပခဲ့တဲ့ ပြိုင်ပွဲနောက်ထပ်တစ်ပွဲကို Myanamr Plazaမှာကျင်းပနိုင်ခဲ့ပါတယ်။အာ့ပွဲမှာတော့ Winner ဆုကိုနောက်ပိုင်းကျွန်နော်တို့ Burmese Ghoulsလို့ လူသိများလာခဲ့တဲ့ Ghoulsအသင်းကအနိုင်ရရှိခဲ့ပါတယ်။
(2016)(2017)အာ့နောက်ပိုင်းနှစ်တွေမှာတော့ ကျွန်နော်တို့MLBB ပြိုင်ပွဲတွေ အမြောက်အများကျင်းပနိုင်ခဲ့ပြီးအဲ့နှစ်တွေမှာတော့ ကျွန်နော်တို့မြန်မာနိုင်ငံရဲ့လက်စွမ်းကောင်းမွန်တဲ့ Burmese Ghouls, Team Resolution, Ronin Squad,Made In Burma(MIB) စတဲ့Talentရှိတဲ့အသင်းကြီးတွေများစွာမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
(2018)ခုနှစ်December (၁)ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ကြီးကျယ်ခမ်းနားဆုံးပမထဦးဆုံးသော Mobile Legend Professional League MPL Season 1 Myanamr ပြိုင်ပွဲကြီး ကိုMyanamr Plaza မှာတရားဝင်စတင်ကျင်းပနိုင်ခဲ့ပါတယ်။ Champion ဆုကိုတော့ ကျွန်နော်တို့ Ace,ICE ICE, PVNDV, Ardam, Blank တို့နက်အတူBurmese Ghouls အသင်းကဆွတ်ခူးရရှိခဲ့ပါတယ်။
(2018,2019,2020,2021)ခုနှစ်တွေမှာတော့ ကျွန်နော်တို့ Mobile Legend မြန်မာရဲ့ အကြီးကျယ်ဆုံးနှစ်တွေပဲဖြစ်ပါတယ်။ အဲ့ဒီခုနှစ်တွေမှာတော့ MSC, MPLI, စတဲ့ International ပြိုင်ပွဲတွေထိမြန်မာအသင်းတွေကသွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
2021ခုနှစ်မှာတော့Mobilegend World Cup Grand Final ထိ တက်လှမ်းခဲ့တဲ့အကောင်းဆုံးသောစွမ်းရည်တွေပိုင်ဆိုင်ခဲ့ပြီးတော့မြန်မာEsport လောကရဲ့အိမ်မက်တွေလဲ အကောင်းဆုံးတောက်ပလာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ နိုင်ငံရဲ့ ဆိုးရွားလှတဲ့အခြေနေတွေကြောင့်ကျွန်နော်တို့ Esport အိမ်မက်ကြီးလဲတဖြည်းဖြည်းမှေးမှိန်လာခဲ့ပါတယ်။
MPL Series ကိုတော့ MPL MM season (1)ကနေပြီးတော့ MPL season(5)ထိပဲကျင်းပန်ိုင်ခဲ့ပါတယ်။
Myanamr MPL season -6 ပြိုင်ပွဲကြီးကိုစောင့်မျှော်ရင်းတစ်ချိန်က Tournaments ပြိုင်ပွဲတွေ ကျင်းပခဲ့တဲ့ ခုနှစ်တွေကိုတကယ်ပဲလွမ်းမိပါတယ်ဗျာ😔။
လာမဲ့ 2022 October (1)ရက်နေ့မှာတော့ M4 Worl Cup MLBB Qualifier အတွက် တကယ်ကိုအကြိတ်အနယ်ဖြစ်မဲ့ပြိုင်ပွဲလေးလဲရှိပါသေးတယ်ဗျ။အရင်လိုရွှေရောင်သန်းခဲ့တဲ့ ကျွန်နော်တို့MLBB Myanamr esports ရဲ့အိမ်မက်လေးသို့နောက်တစ်ကြိမ်အသက်ပြန်သွင်းရမဲ့အခွင့်ရေးလေးပါပဲဗျာ။🙏❤️.........
# Freakyy ( Magma Gaming)