Commentator DY

  • Home
  • Commentator DY

Commentator DY MLBB Commentator, Content creator

🗣️ "အသင်းနဲ့လမ်းခွဲလိုက်တာက EVOS ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က ထွက်ခွါမယ်လို့ ပြောခဲ့တာမဟုတ်ပါဘူး။ အမှန်တရားကို ခင်ဗျား...
12/01/2024

🗣️ "အသင်းနဲ့လမ်းခွဲလိုက်တာက EVOS ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က ထွက်ခွါမယ်လို့ ပြောခဲ့တာမဟုတ်ပါဘူး။ အမှန်တရားကို ခင်ဗျားတို့ သိစေချင်ရုံပါပဲ။"

- Tazz (Former EVOS Legends' Jungler)

Alter Ego ကို ရောက်ရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ Tazz ဟာ EVOS နဲ့ လမ်းခွဲခဲ့တဲ့ဖြစ်စဉ်ကို ပြောပြခဲ့တာပါ။ Jungler နှစ်ယောက်လုံးနဲ့ လမ်းခွဲထားတဲ့ EVOS Legends ဟာ ဖိလစ်ပိုင် Jungler ခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။

လူငယ်တွေနဲ့ သွေးသစ်လောင်းထားတဲ့ 9K Esports ရဲ့လူစာရင်းပြည်တွင်း Esport အသင်းတစ်သင်းဖြစ်တဲ့ 9K Esports ဟာ သူတို့ရဲ့လူစာရင...
12/01/2024

လူငယ်တွေနဲ့ သွေးသစ်လောင်းထားတဲ့ 9K Esports ရဲ့လူစာရင်း

ပြည်တွင်း Esport အသင်းတစ်သင်းဖြစ်တဲ့ 9K Esports ဟာ သူတို့ရဲ့လူစာရင်းကို ထုတ်ပြန်ကြေငြာလာခဲ့ပါတယ်။ ဝါရင့်ကစားသမား Shine CG ဦးဆောင်လာပြီး လူငယ်တွေနဲ့ သွေးသစ်လောင်းထားတဲ့ 9K Esports ဟာ ပြိုင်ပွဲတွေ ပိုမိုများပြားလာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ဘယ်လောက်အထိ ပျံသ််းပြနိုင်မလဲ စိတ်ဝင်စားစားစရာပါပဲ။

Full roster
Shine CG - Ackleyy - Soul - Drake - Bender

၁။ အရည်အသွေးမြင့်ကစားသမားများ အသင်းမှ ထွက်ခွါလျှင် Alter Ego သို့ ရောက်နိုင်ချေရှိသည်။ ဥပမာ - Tazz, HaizzAmor, Mobazane,...
12/01/2024

၁။ အရည်အသွေးမြင့်ကစားသမားများ အသင်းမှ ထွက်ခွါလျှင် Alter Ego သို့ ရောက်နိုင်ချေရှိသည်။ ဥပမာ - Tazz, HaizzAmor, Mobazane, Hijumee

၂။ ဂျိုကာများအသင်းနှင့် လမ်းခွဲလျှင် AE မှလွဲ၍ ကျန်သည့်အသင်းသို့ ရောက်မည်။ ဥပမာ - Ferxiic, Super Vynn

M Serie ဝင်ခွင့်ရချင်လို့ M Serie ချန်ပီယံနည်းပြကို ခေါ်ယူလိုက်တဲ့ RRQ ၉ ယောက်မြောက်လူစာရင်း ကြေငြာပြီးတဲ့ RRQ ဟာ ဖိလစ်ပ...
11/01/2024

M Serie ဝင်ခွင့်ရချင်လို့ M Serie ချန်ပီယံနည်းပြကို ခေါ်ယူလိုက်တဲ့ RRQ

၉ ယောက်မြောက်လူစာရင်း ကြေငြာပြီးတဲ့ RRQ ဟာ ဖိလစ်ပိုင်နည်းပြအဖြစ် Coach Vrendini ကို ကြေငြာသွားခဲ့ပါတယ်။ BTR အသင်းမှာလည်း နည်းပြအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ V ဟာ AP Bren နဲ့ M5 WC ရယူနိုင်ခဲ့သူဖြစ်ပြီး RRQ ကို ဘယ်လောက်အထိ ကူညီပေးနိုင်မလဲ စောင့်ကြည့်ရပါဦးမယ်။

RRQ Full Roster

1rrad - Brusko - Skylar - Clayy - Banana - Donn - Octa - Bunnyqt

Zaya - Coach V

Udil နဲ့ Hijumee အစား Octa နဲ့ စပရိုက်တိုက်လိုက်တဲ့ RRQ MPL ID S13 အတွက် RRQ ရဲ့လူစာရင်းမှာ ကစားသမား ၉ ယောက်အထိ ရှိနေတယ်...
11/01/2024

Udil နဲ့ Hijumee အစား Octa နဲ့ စပရိုက်တိုက်လိုက်တဲ့ RRQ

MPL ID S13 အတွက် RRQ ရဲ့လူစာရင်းမှာ ကစားသမား ၉ ယောက်အထိ ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ပြိုင်ဘက်အသင်းတိုင်းက စောင့်ကြည့်ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Xinn နဲ့ Lemon ကလည်းအနားယူမှာဖြစ်သလို Banana နဲ့ Doon တို့လို့ လူငယ်ကစားသမားတွေကိုလာ်း ထည့်ပြီးတဲ့အပြင်ကိုမှ နောက်ဆုံးတစ်ယောက်ဟာလည်း MDL က တက်လာတဲ့ လူငယ်
ကစားသမား ဖြစ်နေပြန်ပါတယ်။

Udil နဲ့ Hijumee လို ကစားသမားတွေ အသင်းသစ်မရောက်သေးခင်မှာ RRQ များ ရောက်လာမလားလို့ မျှော်လင့်ခဲ့ကြပေမယ့် Octa ပဲ ဖြစ်နေခဲ့ပါတယ်။ Octa နဲ့ Doon လို လက်စလက်နရှိတဲ့ လူငယ်ကစားသမားတွေဟာ RRQ ကို နှစ်နဲ့ချီပြီး ဝေးကွာခဲ့ပြီဖြစ်တဲ့ နိုင်ငံတကာပြိုင်ပွဲတွေဆီ ပြန်လည်ပို့ဆောင်ပေးနိုင်မလား...ဒါမှမဟုတ် MPL အဆင့်အတန်းမျိုးရောက်ဖို့အတွက် အချိန်ယူရဦးမှာလား စောင့်ကြည့်ရပါဦးမယ်။

တစ်ခုရှိတာကတော့ အနောက်ဂျာကာတာဒါဘီပြိုင်ဘက် AE ဟာ ပြိုင်ဘက်ဘယ်အခြေအနေရောက်ရောက် မညှာတတ်ဘူး ဆိုတာပါပဲ။

11/01/2024

AE New Jungler TazzDY

Evos Tazz Farewellလက်ရှိရာသီမှာ ကစားသမားအများစုနဲ့ လမ်းခွဲထားတဲ့ Evos Legends ဟာ နောက်ထပ် Jungler တစ်ယောက်ဖြစ်တဲ့ Tazz န...
11/01/2024

Evos Tazz Farewell

လက်ရှိရာသီမှာ ကစားသမားအများစုနဲ့ လမ်းခွဲထားတဲ့ Evos Legends ဟာ နောက်ထပ် Jungler တစ်ယောက်ဖြစ်တဲ့ Tazz နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။

Evos Icon ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် Jungler Tazz ဟာ လာမယ့် MPL ID S13 မှာ ဘယ်အသင်းကို ရောက်ရှိသွားမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

ကျွန်တော်ကတော့ AE Tazz ဆိုရင် welcome ပါပဲ။

Evos ကတော့ PH Jungler ခေါ်ယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

11/01/2024

အချိန်တွေနောက်ပြန်ဆုတ်လို့ရရင် သိပ်ကောင်းမယ်

Song - Stressed out (Leomurphy's Ukelele cover)

MPL ID S13 မှာ ပြန်အလာစေချင်ဆုံး ကစားသမား သို့မဟုတ် FluffyFluffy လို့ပြောလိုက်ရင် Aura Fire မြင့်တက်ခဲ့တဲ့ season တွေမှာ...
11/01/2024

MPL ID S13 မှာ ပြန်အလာစေချင်ဆုံး ကစားသမား သို့မဟုတ် Fluffy

Fluffy လို့ပြောလိုက်ရင် Aura Fire မြင့်တက်ခဲ့တဲ့ season တွေမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ Exp Laner ဆိုတာ တန်းမြင်မိကြမှာပါ။ မြင့်မားတဲ့ mechanic နဲ့ တစ်ဦးချင်းစွမ်းရည် ပြည့်ဝမှုတွေကြောင့် R7 ရဲ့နေရာကို ဆက်ခံနိုင်မယ့် အင်ဒို Exp Laner လားလို့ ယူဆခဲ့ကြပေမယ့် Aura prime time ပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ Fluffy ဆိုတဲ့အသံတွေဟာလည်း မှေးမှိန်သွားခဲ့ပါတယ်။

သူ့ပရိသတ်တွေကတော့ Paquito, Dyrroth နဲ့ Akai ကိုပါ Exp ဆော့တတ်တဲ့သူ့ကို အမှတ်ရနေဆဲဖြစ်ပြီး Evos ရောက်သွားပြီး နောက်မှာလည်း ပိုကောင်းတဲ့ Fluffy အဖြစ် မြင်ချင်ခဲ့ကြတာပါ။ ဒါပေမယ့် သူရောက်သွားခဲ့တာက အချိန်မှားနေပြီး Evos ဟာ ရုန်းကန်နေရတာကြောင့် Fluffy လည်း ဘယ်လိုမှ ထမ်းတင်ပေးလို့ မရခဲ့ပဲ ရုန်းကန်ရတော့တာပါပဲ။

Butss, Luke တို့နဲ့ ယှဉ်မယ်ဆိုရင်လည်း ဘယ်နေရာမှာမှ မနိမ့်တဲ့ Fluffy ကို လာမယ့် MOL ID S13 မှာတော့ လက်စွမ်းကောင်းတွေ ပြန်ပြပြီး နိုင်ငံတကာပြိုင်ပွဲသွားကစားရတာမျိုး ဖြစ်စေချင်ပါပြီ။ Underrated အဖြစ်ဆုံး ကစားသမားတွေထဲက တစ်ယောက်မို့ Kabuki, God1va တို့နဲ့ အတူမရှိတော့ရင်တောင်မှ Fluffy ကို အရင်လိုတော့ ပြန်မြင်ချင်မိပါသေးတယ်။

🗣️ "ကျွန်တော်ကစားတာလည်း ကြာပြီဆိုတော့ အနားယူပါဦးမယ်။ ပိုပြီးအရည်အချင်းရှိတဲ့ လူငယ်လက်တက်လေးတွေကို နေရာပေးရပါဦးမယ်။ ကျွန်...
11/01/2024

🗣️ "ကျွန်တော်ကစားတာလည်း ကြာပြီဆိုတော့ အနားယူပါဦးမယ်။ ပိုပြီးအရည်အချင်းရှိတဲ့ လူငယ်လက်တက်လေးတွေကို နေရာပေးရပါဦးမယ်။ ကျွန်တော်တို့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ဖို့ပဲ ပိုကြိုးစားပါမယ်ဗျ"

- Xinn (Comedian)

🗣️ " Xinn ပြောသလိုပါပဲ...ကျွန်တော်တို့ကိုပဲ အမြဲကြည့်နေရတော့ ပျင်းသွားမှာစိုးလို့ အနားယူတဲ့သဘောပါပဲ။"

- Lemon (Alien)

RRQ အသင်းရဲ့ မျက်နှာဖုံးကစားသမားတွေဖြစ်တဲ့ Xinn နဲ့ Lemon ဟာ လာမယ့် S13 မှာ အနားယူရတဲ့အကြောင်းကို ဖွင့်ဟခဲ့တာပါ။ တကယ်တမ်းတွေးကြည့်တော့လည်း အနောက်ဂျာကာတာသားတွေ အပြိုင်ကျဲခဲ့တဲ့ S6 ဟာ မနေ့တစ်နေ့ကလိုပဲ ဆိုပေမယ့် အဲ့ဒီတုန်းကစုဖွဲ့မှုတွေကို ပြန်တွေ့ရဖို့ မလွယ်တော့ပါဘူး။ Xinn နဲ့ Lemon ကတော့ ကစားလည်း ဖလားမရမယ့်အတူတူ ခဏနားလိုက်တာက ပိုကောင်းပါတယ်။

10/01/2024

WY duo is coming

ဘဝမှာ မင်းရှိခဲ့ဖူးတဲ့ အထောက်အထားဆိုလို့ ဓာတ်ပုံတွေပဲ ရှိတော့တယ် - Leomurphy to Udil
10/01/2024

ဘဝမှာ မင်းရှိခဲ့ဖူးတဲ့ အထောက်အထားဆိုလို့ ဓာတ်ပုံတွေပဲ ရှိတော့တယ်

- Leomurphy to Udil

Games of Future ပြိုင်ပွဲအတွက် ONIC Esports ရဲ့လူစာရင်းUSD 1.16 M အထိ ပေးအပ်သွားမယ့် Games of Future ပြိုင်ပွဲမှာ ဖိတ်ခေ...
10/01/2024

Games of Future ပြိုင်ပွဲအတွက် ONIC Esports ရဲ့လူစာရင်း

USD 1.16 M အထိ ပေးအပ်သွားမယ့် Games of Future ပြိုင်ပွဲမှာ ဖိတ်ခေါ်ခံထားရတဲ့ ONIC Esports ဟာ သူတို့ရဲ့မပြောင်းလဲတဲ့လူစာရင်းကို ထုတ်ပြန်ကြေငြာလာခဲ့ပါတယ်။

Coach Yeb & Adi

Sanz - Butss - Kiboy - Kairi - CW - Albertt

တစ်နှစ်အတွင်းမှာ အနည်းဆုံး ပြိုင်ပွဲကြီး ၇ ခုလောက် ကစားရဖို့ ရှိနေတဲ့ ONIC Esports ဟာ အရံကစားသမားတွေ ထပ်ဖြည့်ဦးမလားဆိုတာတော့ မသိရသေးပါဘူး။

ကစားသမားသစ် ဖြည့်တင်းမှုတွေနဲ့ Falcon Esports ရဲ့ အသွင်သစ်ကို မြင်တွေ့ရမှာလား ?ကစားသမားအပြောင်းအရွှေ့များတဲ့ ၂၀၂၄ ခုနှစ်...
10/01/2024

ကစားသမားသစ် ဖြည့်တင်းမှုတွေနဲ့ Falcon Esports ရဲ့ အသွင်သစ်ကို မြင်တွေ့ရမှာလား ?

ကစားသမားအပြောင်းအရွှေ့များတဲ့ ၂၀၂၄ ခုနှစ် အစပိုင်းမှာပဲ Falcon Esports ဟာ သူတို့ရဲ့လူစာရင်းကို သဲလွန်စတွေပေးတဲ့ပုံစံမျိုးနဲ့ ကြေငြာလာခဲ့ပါတယ်။

ပထမတစ်ယောက်ကတော့ Robot, Flight, Gloo ဆိုတဲ့ သဲလွန်စတွေနဲ့ဖြစ်ပြီး တော်တော်များများကတော့ Ai Esports နဲ့ လမ်းခွဲထားတဲ့ Benno ခို့ သုံးသပ်ကြပါတယ်။ O,N ဆိုတဲ့အချက်ကြောင့် Carbon လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီနေရာမှာ O နဲ့ N အစဉ်လိုက်ရေးတာမဟုတ်ပဲ comma ခံထားတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ MPL MM, Claw Esports or Claw, Baby ဆိုတဲ့ အချက်တွေပေးထားပြီး Akai ကိုလည်း တွေ့ရပါတယ်။ MPL MM ကစားဖူးတဲ့ Kid နဲ့ Kidx လို့ သုံးသပ်ကြပါတယ်။ Claw ကို Natalia ရဲ့သင်္ကေတလို့ ယူဆကြသူတွေလည်း ရှိတာကြောင့် Kid ကပါဝင်နေတာပါ။

သေချာတာတစ်ခုကတော့ Falcon Esports ဟာ အနည်းဆုံးကစားသမားသစ် ၂ ယောက် ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပြီး နောက်ထပ်ဘယ်လောက်အထိ အားဖြည့်ထားဦးမလဲ မသိရသေးပါဘူး။

၂၀၂၃ ခုနှစ် ဖြတ်သန်းမှုကိုကြည့်ရင် လူစာရင်းအဟောင်းနဲ့ ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ပြီး Real Cup Season 2 နဲ့ SEA Games ကြေးတံဆိပ်ဆုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒုတိယနှစ်ဝက်နဲ့ လူစာရင်းအသစ်မှာတော့ Youth Can Do မှာပဲ ဗိုလ်စွဲခဲ့ပြီး ကျန်တဲ့ ပြိုင်ပွဲ ၄ ကြိမ်ခုမှာ ချန်ပီယံဆုတွေနဲ့ လွဲချော်ထားပါတယ်။

လက်ရှိမှာတော့ ကစားသမားသစ်တွေ ဖြည့်တင်းနေပြီမို့ Falcon Esports ရဲ့ အသွင်သစ်ကို မြင်ရနိုင်မလား စောင့်ကြည့်ရပါဦးမယ်။ ဖိလစ်ပိုင်နည်းပြတွေ ဝင်ရောက်လာမှု၊ ကစားသမားအပြောင်းအရွှေ့တွေနဲ့ အရွေ့တစ်ခု သိသိသာသာဖြစ်လာတဲ့ မြန်မာ့ MLBB ရပ်ဝန်းမှာ Falcon Esports ရဲ့ပြင်ဆင်မှုတွေ ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲ စိတ်ဝင်စားစရာပါပဲ။

09/01/2024

အမှတ်တမဲ့မှ အမှတ်တရသို့ ❤️

(Udil Subakti)

RRQ ရဲ့ လူစာရင်းထဲမှာ ပါပေမယ့် S13 မှာ အနားယူသွားမယ့် Xinn နဲ့ LemonRRQ ဟာ သူတို့ရဲ့ ၇ ယောက်မြောက်နဲ့ ၈ ယောက်မြောက်ကစားသ...
09/01/2024

RRQ ရဲ့ လူစာရင်းထဲမှာ ပါပေမယ့် S13 မှာ အနားယူသွားမယ့် Xinn နဲ့ Lemon

RRQ ဟာ သူတို့ရဲ့ ၇ ယောက်မြောက်နဲ့ ၈ ယောက်မြောက်ကစားသမားတွေအဖြစ် Xinn နဲ့ Lemon ကို ကြေငြာလာခဲ့ပေမယ့် သူတို့တွေဟာ (ဖိုင်နယ်မရှုံးချင်တာကြောင့်) ကစားသမားအဖြစ် စာရင်းသွင်းထားရုံသာဖြစ်ပြီး ဒီ season မှာတော့ အနားယူမယ်လို့ ကြေငြာထားပါတယ်။

RRQ ရဲ့လူစာရင်းဟာ ၈ ယောက်အထိ ရှိလာတာကြောင့် နောက်ဆုံးတစ်ယောက်သာ ကြေငြာဖို့လိုတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ဟာ ကျွန်တော့်အမြင်အရတော့ Hijumee လို့ ယူဆမိပါကြောင်း...

Pai တစ်ယောက်တည်းပဲ ကျန်ခဲ့တော့တဲ့ Alter Ego မနေ့က Udil ထွက်ခွါသွားပြီးတဲ့နောက်မှာတော့ သူစရောက်တဲ့ MPL Season 6 လူစာရင်းမ...
09/01/2024

Pai တစ်ယောက်တည်းပဲ ကျန်ခဲ့တော့တဲ့ Alter Ego

မနေ့က Udil ထွက်ခွါသွားပြီးတဲ့နောက်မှာတော့ သူစရောက်တဲ့ MPL Season 6 လူစာရင်းမှာ Pai တစ်ယောက်တည်း ကျန်နေရစ်တော့မှာပါ။

ပြီးခဲ့တဲ့ရာသီက Udil, Celiboy နဲ့ Pai တို့ ကျန်နေသေးတယ်ဆိုပေမယ့် Celiboy ကလည်း လာမယ့်ရာသီမှာ Brand Ambassador အဖြစ်ပဲ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။

Ahmad က အစောကတည်းက အနားယူထားပြီဖြစ်သလို Leomurphy ကလည်း ပြန်ရောက်ဖို့ မသေချာသေးတာကြောင့် ၂၀၂၀ ဝန်းကျင် ကာလတုန်းက Prime time တစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ Alter Ego ရဲ့ အစုအဖွဲ့ကတော့ ပြိုကွဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ဆုပ်လက်ကိုင်ပြစရာ ချန်ပီယံဆုတွေ မည်မည်ရရ မရှိခဲ့ပေမယ့် Alter Ego ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် ဒီအစုအဖွဲ့လေးကတော့ Alter Champ တွေဆီမှာ အမြဲရှင်သန်နေဦးမှာပါပဲ။

"AE Fan တွေထဲက သတ္တိရှိတဲ့သူထွက်ခဲ့ ကျန်တဲ့လူနဲ့ ငါနဲ့ချမယ်" ဟု ဒဲ့စိန်ခေါ်လိုက်သည့် ဂန္တဝင် Exp Laner ကြီး R7 (နိုင်ငံတ...
09/01/2024

"AE Fan တွေထဲက သတ္တိရှိတဲ့သူထွက်ခဲ့
ကျန်တဲ့လူနဲ့ ငါနဲ့ချမယ်" ဟု ဒဲ့စိန်ခေါ်လိုက်သည့်

ဂန္တဝင် Exp Laner ကြီး R7 (နိုင်ငံတကာချန်ပီယံဆု မရဖူး)

Photo crd

RRQ အသင်းရဲ့ ၆ ယောက်မြောက်ကစားသမား BananaGames of Future နဲ့ MPL ID S13 အတွက် ပြင်ဆင်နေတဲ့ RRQ အသင်းဟာ သူတို့ရဲ့ ၆ ယောက်...
08/01/2024

RRQ အသင်းရဲ့ ၆ ယောက်မြောက်ကစားသမား Banana

Games of Future နဲ့ MPL ID S13 အတွက် ပြင်ဆင်နေတဲ့ RRQ အသင်းဟာ သူတို့ရဲ့ ၆ ယောက်မြောက်ကစားသမားအနေနဲ့ Banana ကို ကြေငြာလာခဲ့ပါတယ်။

တစ်ယောက်တည်းဆော့ရမယ့် Exp Lane မှာ ၃ ယောက်လောက် ခေါ်ထားပြီး Mid Season Cup နဲ့ မလွဲဖို့တော့ ဆုတောင်းပေးလိုက်ရပါတယ်။

Alter Ego နဲ့ ပဲ့ကိုင်ရှင် Udil တို့ရဲ့လမ်းခွဲ တွေ့ - ဆုံ - ကြုံ - ကွဲ ဖြစ်မြဲဓမ္မတာပေါ့ကွာ...ONIC Kage တွေဆီကနေ Alter E...
08/01/2024

Alter Ego နဲ့ ပဲ့ကိုင်ရှင် Udil တို့ရဲ့လမ်းခွဲ

တွေ့ - ဆုံ - ကြုံ - ကွဲ ဖြစ်မြဲဓမ္မတာပေါ့ကွာ...

ONIC Kage တွေဆီကနေ Alter Ego ဆိုတဲ့ အသင်းကို ထမ်းတင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တဲ့ Udil

MPL ID S6, ပြီးတော့ MPLI, ပြီးတော့ M2 WC
တောက်ပခဲ့တဲ့ကာလတွေမှာ မင်းဟာ အခရာ
Udil ရေ အခုတော့ ငါတို့မှာ ယောင်ချာချာ...

ပွင့်ပွင့်လင်းလင်းပြောရရရင် Udil ကြောင့်ပဲ Alter Ego ကို အားပေးဖို့ ရဲရဲဝံ့ဝံ့ရွေးချယ်ဖြစ်ခဲ့တာပါ။
အခုတော့ ငါတို့မှာ သေပြီဆရာပေါ့...

၄ နှစ်လောက် ကစားခဲ့တဲ့ဒီအသင်းနဲ့ MPL ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးကာလတွေလည်း ရှိခဲ့ဖူးတယ်။ Alter Ego နဲ့ MPL ချန်ပီယံဆုရမှ ကစားသမားဘဝက အနားယူမယ်လို့ ပြောခဲ့ဖူးပေမယ့် မင်းထွက်သွားတာကိုလည်း ငါတို့မှာအပြစ်ပြောစရာ မရှိပါဘူး။ မင်းချစ်တဲ့ ဒီအသင်းနဲ့က ဖြစ်မှမဖြစ်နိုင်တော့ပဲ။

ပန်းပဲခူးခူး လမ်းပဲကူးကူး
ဂရုစိုက်ပါ Udil...
အနောက်ဂျာကာတာက အနီရောင်တပ်သားတွေရဲ့ ရင်ထဲမှာ Udil ဆိုတဲ့ အမည်နာမတစ်ခုက တံဆိပ်နှိပ်ခတ်ထားပြီးသားပါ။

"တံခါးမရှိ ဓားမရှိ Udil ဝင်နိုင်သည်" ဆိုတဲ့ စာတန်းလည်း ငါတို့မြို့ရိိုးမှာ ချိတ်ထားတယ်။ တစ်ချိန် ပြန်လာဖြစ်ခဲ့ရင် မင်းမြင်နိုင်အောင်ပေါ့။

Alter Ego နဲ့မဟုတ်လည်း မင်းလိုချင်တဲ့ MPL ချန်ပီယံဆုတွေ ဘယ်အသင်းနဲ့ပဲရရ ပျော်ပျော်ရွှင်ရွှင် လိုက်ပါခံစားမိနေဦးမှာပါ။

ဒါဟာ တစ်ချိန်က ONIC Kage, Spicy Boy နဲ့ Alter Ego ရဲ့ အစ်ကိုကြီးလို့ခေါ်ကြတဲ့ မင်းအပေါ်ထားတဲ့ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။

အပြောင်းအရွှေ့လှုပ်ခတ်မှုတွေနဲ့ မြန်မာ့ MLBBBurmese Ghouls အသင်းရဲ့လက်ထောက်နည်းပြ DJ နဲ့ Carbon, Lina တို့ အပါအဝင် အသင်း...
08/01/2024

အပြောင်းအရွှေ့လှုပ်ခတ်မှုတွေနဲ့ မြန်မာ့ MLBB

Burmese Ghouls အသင်းရဲ့လက်ထောက်နည်းပြ DJ နဲ့ Carbon, Lina တို့ အပါအဝင် အသင်းသား ၃ ယောက်နဲ့ Ai Esports Exp Laner Benno တို့ အသင်းတွေကနေ ထွက်ခွါသွားတာကြောင့် သူတို့တွေရဲ့ခြေလှမ်းသစ် ဘယ်မှာဖြစ်မလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဒီကစားသမားတွေဟာ သက်ဆိုင်ရာအသင်းတွေမှာ လက်စွမ်းကိုယ်စီပြထားတာကြောင့် ပြည်တွင်းမှာ ခေါ်ယူချင်တဲ့အသင်းတွေ ရှိနေတယ်လို့ ယူဆရပါတယ်။

MPL ပြန်မလာသေးဘူးဆိုပေမယ့် Mid Season Cup ဟာ အရင်ကထက် ပိုမိုကြီးမားလာတဲ့ အနေအထားကြောင့် ဖိလစ်ပိုင်နည်းပြတွေ ဝင်ရောက်လာတဲ့ မြန်မာ့ MLBB မှာ အသင်းတိုင်းရဲ့ ကစားသမားအင်အားဖြည့်တင်းမှုက သူများထက်နှာတစ်ဖျားသာမှ ရမယ့်အခြေအနေဖြစ်လာပါပြီ။

ဒီကစားသမား/နည်းပြတွေ ဘယ်အသင်းတွေကို ရောက်ရှိသွားမလဲဆိုတာ ခင်ဗျားတို့ရဲ့အမြင်တွေ၊ ကြားထားတဲ့သတင်းတွေနဲ့ ဆွေးနွေးပေးသွားလို့ရပါတယ်။

RRQ ရဲ့ ၅ ယောက်မြောက် ကစားသမား Donnပြီးခဲ့တဲ့ရာသီမှာ Banana နဲ့ Dyrenn လို Exp Laner တွေရှိခဲ့ပေမယ့် ဒီရာသီအတွက် ပထမဆုံး...
07/01/2024

RRQ ရဲ့ ၅ ယောက်မြောက် ကစားသမား Donn

ပြီးခဲ့တဲ့ရာသီမှာ Banana နဲ့ Dyrenn လို Exp Laner တွေရှိခဲ့ပေမယ့် ဒီရာသီအတွက် ပထမဆုံးကြေငြာတဲ့ Exp Laner ကတော့ MDL ကနေ ခေါ်ယူထားတဲ့ Doon ဖြစ်ပါတယ်။

Do Something Plz က လွင်ကြီးရဲ့ညီ Donn ဟာ RRQ နဲ့ အင်ဒိုနီးရှားရဲ့ ဂန္တဝင် Exp Laner ကြီး R7(နိုင်ငံတကာဖလားမရဖူး) ရဲ့ နေရာကို ဆက်ခံသွားနိုင်မလား စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။

07/01/2024

လေထိုးတဲ့ RRQ Fan ကို Rank အမှီလိုက်ရတော့မယ်

RSG PH ကနေ ထွက်ခွါသွားတဲ့ EmnannRSG PH အသင်းဟာ သူတို့ရဲ့ Gold Laner Emann နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာလာခဲ့ပါတယ်။ MSC ...
07/01/2024

RSG PH ကနေ ထွက်ခွါသွားတဲ့ Emnann

RSG PH အသင်းဟာ သူတို့ရဲ့ Gold Laner Emann နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာလာခဲ့ပါတယ်။ MSC 2022 MVP Player အပြင် 1rrad နဲ့ Coach Theo လည်း ထွက်ခွါသွားတာကြောင့် RSG PH disband မယ်ဆိုတဲ့ ကောလဟာလ တကယ်ဖြစ်လာတော့မလား စိတ်ဝင်စားစရာ ကောင်းလာပါပြီ။

လက်စွမ်းထက် Exp Laner Nathzz ကရော ဆက်ရှိနေမှာလား... ဒါမှမဟုတ် တခြားအသင်းတစ်သင်းကို ရောက်ရှိသွားဦးမလား စောင့်ကြည့်ရပါဦးမယ်။ MPL S13 မစတင်ခင်မှာ RSG PH ရဲ့အနာဂတ်ဟာ စိတ်လှုပ်ရှားမှု အပေးစွမ်းနိုင်ဆုံးသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့မယ်။

ဖိလစ်ပိုင်ကစားသမားတွေက ကျားသေကို အသက်သွင်းပေးနိုင်မှာလား ?"ရန်သူကိုနိုင်ချင်ရင် သူတို့ဘာတွေအားကောင်းလဲ" ဆိုတာကို သိဖို့လ...
07/01/2024

ဖိလစ်ပိုင်ကစားသမားတွေက ကျားသေကို အသက်သွင်းပေးနိုင်မှာလား ?

"ရန်သူကိုနိုင်ချင်ရင် သူတို့ဘာတွေအားကောင်းလဲ" ဆိုတာကို သိဖို့လိုတယ်ဗျ။ ပိုက်ကျော်ခြင်းအားကစားနည်းမှာ နောက်ထိန်းနဲ့ဆာဗင်ပါဝါအားကောင်းတဲ့ ထိုင်းနေရှင်နယ်ကစားသမားတွေကို သူတို့လိဂ်ဆီ အငှါးခေါ်ယူပြီး မလေးရှားဟာ သူတို့ဆီက ကစားသမားတွေကို adaptation လိုက်လုပ်ခဲ့တယ်။ အဲ့ဒီနည်းလမ်းက အနည်းနဲ့အများတော့ အောင်မြင်ခဲ့ပါတယ်။

ဖိလစ်ပိုင် ကစားသမားတွေ နည်းပြတွေကို ဒေသအသီးသီးက ခေါ်ယူရာမှာလည်း မတူကွဲပြားတဲ့ vision တွေ၊ mission တွေ ရှိပါတယ်။ ဥပမာ - ONIC Esports က ချန်ပီယံဖြစ်ရေး နဲ့ See You Soon က Top 4 ရောက်ရှိရေးလိုမျိုး ဘုံအားဖြင့်တူညီပြီး အသေးစိတ်အရ ကွာဟတဲ့ Yearly mission မျိုးပါ။ Vision ပိုင်းမှာတော့ လုံးဝကွဲပြားတဲ့ အရာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အင်ဒိုအကြောင်းကိုပဲ အဓိကထားပြောကြတာပေါ့ဗျာ။

MPL ID ဆီ ဖိလစ်ပိုင်ကစားသမားတွေကို လေအတိုက်ခံပြီး တင်သွင်းနေတာဟာ ချန်ပီယံဖြစ်ချင်ရုံ တစ်ခုတည်းနဲ့ မဟုတ်ပါဘူး။ ONIC Esports ကို Kairi နဲ့ Coach Yeb ရောက်လာပြီးနောက်ပိုင်းမှာ သူတို့ကစားသမားတွေရဲ့ Mechanic တွေ In game Philosophy တွေအပြင် Passion တွေပါ ပြောင်းလဲလာခဲ့တာ တွေ့ရမှာပါ။ Scrim နားတဲ့အချိန် စီးကရက်သောက်တတ်တဲ့ Sanz တောင် match analysis လုပ်နေတဲ့ Kairi ကြောင့် သူပါအဲ့ဒီအလေ့အကျင့်ကို ရသွားတဲ့ဖြစ်စဉ်မျိုးပါပဲ။ Champion metality နဲ့ Winning spirit တွေဟာ Kairi ဆီကနေ ONIC စုပ်ယူနိုင်ခဲ့တဲ့ အဆီအနှစ်တွေ ဖြစ်ပါတယ်။ Youth Development Program အတွက် ဒေါ်လာတစ်သိန်းသုံးရင် Kairi လို ကစားသမားမျိုး ရနိုင်ပေမယ့် အနည်းဆုံး ၃-၄ နှစ် စောင့်ရမယ့်အစား ချက်ချင်းရပြီး အသင်းအတွက်ရော လိဂ်ပြိုင်ပွဲအတွက်ရော အကျိုးရှိမယ့် အရာတစ်ခုကို ONIC က လုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အရင်တုန်းက MPL ID နဲ့ အင်ဒို Jungler တွေရဲ့ အမြင့်ဆုံးရည်မှန်းချက်ဟာ Albertt ကို ကျော်ဖြတ်နိုင်ရေးဖြစ်ပြီး အခုကတော့ Kairi ထက် ပိုမကောင်းရင်တောင် Kairi ကို အမှီလိုက်နိုင်ဖို့ လိုတယ်ဆိုတဲ့ ခံယူချက်မျိုး Super Kenn နဲ့ Nnael တို့ဆီမှာ ရှိနေပါပြီ။ Markyy နဲ့ အတူကစားလို့ Caderra တိုးတက်လာခဲ့တာ၊ Baloy ဆီကနေ Geek Fam ရရှိခဲ့တဲ့ Macro တွေ ဒါတွေဟာ ဖိလစ်ပိုင်ကစားသမားတွေဆီကနေ အင်ဒိုတွေရရှိခဲ့တဲ့ အရာတွေဖြစ်ပါတယ်။

အခုလည်း RRQ က 1rrad နဲ့ Brusko ကို ခေါ်ယူခဲ့တာဟာ အသင်းအောင်မြင်ရေးအတွက်တင်မဟုတ်ပဲ အသင်းမှာရှိတဲ့ အင်ဒိုကစားသမားတွေကို တစ်နည်းတစ်ဖုံ ဖိလစ်ပိုင်အငွေ့အသက်ပေးဖို့ ဖြစ်သလို အခြားသော MPL ID အသင်းတွေ အထူးသဖြင့် Kairi နဲ့ ONIC ကို ဖိအားပေးဖို့ ဖြစ်ပါတယ်။
အရင်တုန်းက Celiboy လက်စွမ်းတန့်နေတယ်ဆိုတာကို Albertt တစ်ယောက်တည်းနဲ့ အဖြေမပေါ်ခဲ့ပေမယ့် Kairi ရောက်လာပြီးတဲ့နောက် အတော်ကိုသိသာခဲ့ပါတယ်။ အခုလည်း 1rrad ရောက်လာတာကြောင့် Kairi ဟာ အခုထက်ပိုကောင်းတဲ့ Kairi ဖြစ်လာဖို့ ကြိုးစားရမှာဖြစ်သလို Super Kenn နဲ့ Nnael တို့ဟာလည်း ဖိလစ်ပိုင် Jungler နှစ်ယောက်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားရပါတော့မယ်။

MPL ID ကတော့ ဖိလစ်ပိုင်ကစားသမားတွေကို ခေါ်ယူပြီး M1 ပြီးကတည်းက ပျောက်ဆုံးနေခဲ့တဲ့အရာတွေကို ပြန်ရဖို့ အပြင်းအထန် ကြိုးစားနေပါပြီ။ ထို့အတူ ဖိလစ်ပိုင်ကစားသမားတွေဟာလည်း အင်ဒိုတွေရဲ့ သေဆုံးနေခဲ့တဲ့ ချန်ပီယံမျှော်လင့်ချက်တွေကို ပြန်လည်အသက်သွင်းပေးနိုင်မလား ၂၀၂၄ ခုနှစ်အကုန်ကျရင် ကျွန်တော်တို့အားလုံး မြင်တွေ့ရမှာပါ။ ဒါဟာ PH Import တွေရဲ့ Pros & cons တွေကို evaluation လုပ်ပေးမယ့်အရာလည်း ဖြစ်လာပါလိမ့်မယ်။

RRQ စတုတ္ထမြောက် ကစားသမားဖြစ်လာတဲ့ Clayy ကစားသမားတွေကို streamer တွေနဲ့ ကြေငြာနေတဲ့ RRQ ဟာ ၄ ယောက်မြောက် ကစားသမားဖြစ်တဲ့...
07/01/2024

RRQ စတုတ္ထမြောက် ကစားသမားဖြစ်လာတဲ့ Clayy

ကစားသမားတွေကို streamer တွေနဲ့ ကြေငြာနေတဲ့ RRQ ဟာ ၄ ယောက်မြောက် ကစားသမားဖြစ်တဲ့ Clayy ကိုတော့ Emperor(မောင်ငို) နဲ့ အတူ ကြေငြာလာခဲ့ပါတယ်။

RRQ ကစားသမားဘဝမှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ Clayy ဟာ RRQ အသင်းမှာ ဖိုင်နယ်ရှုံးတာအများဆုံးကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ RRQ နဲ့အတူ Grand Final ၃ ကြိမ် ရှုံးနိမ့်ဖူးတဲ့ Clayy ဟာ Saints ID နဲ့ Aerowolf Pro Team တွေမှာလည်း Grand Final တစ်ကြိမ်စီ ရှုံးနိမ့်ခဲ့ဖူးတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ အဓိက နိုင်ငံတကာပြိုင်ပွဲဝင်ခွင့်တွေ အကုန်လုံးကို လွဲချော်ထားတဲ့ RRQ အနေနဲ့ လာမယ့် MPL ID S13 အတွက် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နေပြီး Clayy ရဲ့ ပွဲထွက်ခွင့်ကို ခြိမ်းခြောက်နိုင်ဖို့အတွက် Midlaner တစ်ယောက် ခေါ်ယူမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကစားဖူးတဲ့အသင်းတိုင်းနဲ့ Grand Final ရှုံးဖူးတဲ့ Clayy အရင်လို Grand Final တွေ ပြန်လည်ရောက်ရှိနိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

Ai Esports ကနေ ထွက်ခွါသွားတဲ့ Benno Ai Esports ရဲ့ Exp Laner Benno ဟာ အသင်းကနေ ထွက်ခွါသွားပြီလို့ ကြေငြာခဲ့ပါတယ်။ Trend ...
06/01/2024

Ai Esports ကနေ ထွက်ခွါသွားတဲ့ Benno

Ai Esports ရဲ့ Exp Laner Benno ဟာ အသင်းကနေ ထွက်ခွါသွားပြီလို့ ကြေငြာခဲ့ပါတယ်။ Trend Esports, Glaticos Rising အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ Benno ရဲ့ ခြေလှမ်းသစ်ဘယ်မှာဖြစ်မလဲ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။

Homebois အသင်းသို့ပြောင်းရွှေ့မည်ဟူသည့် ကောလဟာလများကို  "ဘယ် အ yuu က အရေးမပါတဲ့လိဂ်က MPL ဆုအတွက် အသင်းပြောင်းမှာလဲ...တော...
06/01/2024

Homebois အသင်းသို့ပြောင်းရွှေ့မည်ဟူသည့် ကောလဟာလများကို "ဘယ် အ yuu က အရေးမပါတဲ့လိဂ်က MPL ဆုအတွက် အသင်းပြောင်းမှာလဲ...တော်တော်ရယ်ရတဲ့ မလေးက ချာတိတ်တွေ" ဟူသည့် ဂန္တဝင်မှတ်ချက်နှင့်အတူ တုံ့ပြန်လိုက်သည့် Udil

Photo - Udil's IG

🗣️ " အသက် ၂၀ အရွယ် Peka ကိုတော့ ကြိုးစားတာထက် ပိုကြိုးစားခဲ့ပါလို့ပဲ ပြောမိမယ်ထင်ပါတယ်။ အဲ့ဒီတုန်းက လမ်းတွေရွေးဖို့ဆိုတာ...
06/01/2024

🗣️ " အသက် ၂၀ အရွယ် Peka ကိုတော့ ကြိုးစားတာထက် ပိုကြိုးစားခဲ့ပါလို့ပဲ ပြောမိမယ်ထင်ပါတယ်။ အဲ့ဒီတုန်းက လမ်းတွေရွေးဖို့ဆိုတာ အတော်လေး စဉ်းစားရတယ်လေ။ ကျောင်းနားပြီး ဂိမ်းဆော့ခဲ့တာဆိုတော့ အရင်းအနှီးကတော့ များပါတယ်။ ဖြစ်နိုင်ရင်တော့ အရင်တုန်းက Peka ဆိုတဲ့ပုံစံကို Player life ထဲမှာ ပြန်မြင်ချင်ပါတယ်။"

- Peka (Veteran Player)

အခုတစ်ခေါက်ကတော့ Peka ပါ။ ငယ်ရွယ်သေးတဲ့ Peka ကို စကားတစ်ခွန်းပြောရမယ်ဆိုရင်တော့ ပိုပြီးကြိုးစားခဲ့ဖို့ကိုပဲ သူကပြောချင်တာပါ။ Player life ထဲမှာ တွေ့ချင်သေးတယ်ဆိုတော့ Peka တစ်ယောက် competitive scene ကို ပြန်လာနိုင်မလား စောင့်ကြည့်ရပါဦးမယ်။

Address


Alerts

Be the first to know and let us send you an email when Commentator DY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Commentator DY:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share