Eric's Journey

Eric's Journey Exploring the World & Cooking Delights with Eric.

Join me as I travel to exciting destinations and create delicious Burmese dishes inspired by my adventures.

**ခရစ္စမတ် ဆုတောင်းစာ**နှစ်ဟောင်းကုန်ခါနီးပြီတော့  နှစ်မကုန်ခင်မှာ အောက်မေ့ဖွယ် အမှတ်တရတွေကို အတူတကွ ဖန်တီးကြပြီး နှစ်သစ...
25/12/2024

**ခရစ္စမတ် ဆုတောင်းစာ**

နှစ်ဟောင်းကုန်ခါနီးပြီတော့ နှစ်မကုန်ခင်မှာ အောက်မေ့ဖွယ် အမှတ်တရတွေကို အတူတကွ ဖန်တီးကြပြီး နှစ်သစ်ကို အမှတ်တရအနေနဲ့ ယူဆောင်သွားကြရအောင်။ ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းစီအတွက် ဒီနှစ်လေးက အတားအဆီးတွေ၊ အောင်မြင်မှုတွေ၊ ပြောင်းလဲမှုတွေထဲကနေ ကျော်ဖြတ်လာတဲ့ အချိန်ဖြစ်ခဲ့ပါတယ်‌နော်။

ဒီနေ့က ခရစ်စမတ်ပွဲတော်အထိမ်းအမှတ် နေ့ရက်ဖြစ်ပြီးတော့ ကျွန်တော်တို့ အနီးနားမှာရှိနေတဲ့ ချစ်ခင်ရတဲ့သူငယ်ချင်းတွေ၊ ဆရာသမား၊ အသိမိတ်ဆွေကို လွတ်လပ်စွာ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် သဟဇာတဖြစ်မှု တွေကို မျှဝေဖို့ အကောင်းဆုံးအချိန်‌လေးပါ။

ဒီလိုရက်ထူး၊ ရက်မြတ်လေးမှာ ချစ်ခြင်းနဲ့ စိတ်ငြိမ်းချမ်းမှုတွေနဲ့အတူ ၂၀၂၅ ခုနှစ်မှာ ပိုမိုတောက်ပတဲ့ စိတ်ကူးသစ်၊ အောင်မြင်မှုအသစ်တွေ၊ စိတ်းချမ်းမြေ့ပြီး ကျန်းမာသောဘဝ၊ အတူတကွချစ်ခြင်းမေတ္တာများနဲ့ တန်ဖိုးထားမှုတွေ၊ ပိုမိုကောင်းမွန်သော အခွင့်အလမ်းအသစ်များ ရရှိဖို့ ဆုတောင်း လိုက်ကြရအောင်ဗျာ။

ခရစ်စမတ်ညကို သင်နှင့် သင့်မိသားစုအတွက် အမှတ်တရဖြစ်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

**Merry Christmas** 🎄✨

14/12/2024

Hi everyone! 🙋 Welcome back to Eric’s Journey & Jams! It’s been a while since I last posted, but I’m excited to be back. From now on, I’ll try to post weekly, so stay tuned! 😍

This video was shot in the stunning Business Bay, a must-visit destination for anyone who hasn’t been there yet. It’s a perfect spot to explore, relax, and enjoy the beautiful views. I hope you love it! 🥰

Don’t forget to like, share, and subscribe to support my journey. Let me know your thoughts in the comments, and stay tuned for more adventures!

21/10/2024

📍Blue water, Dubai

18/10/2024

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝခရီးဟာ ပုံမှန်လည်ပတ်နေပြီး ဟိုး ငယ်စဉ်ကလေးဘဝ ကနေ အသက်အရွယ် ရပြီး လုပ်ငန်း ကိုယ်စီနဲ့ ဖြတ်သန်းနေရတဲ့အခါ အလုပ် နဲ့ အိမ်၊ အိမ်နဲ့ အလုပ် နေ့စဉ် ရက်ဆက် အသက်တွေ တစ်ရက်ပြီ တစ်ရက်ကြီးလာတဲ့အခါ ဘဝကြီးက အထီးကျန်သလိုလို၊ သေးသေးဖွဲဖွဲလေးကအစ ဝမ်းနည်းစွာ ငယ်ဘဝကို သတိရသလိုလို၊ ဘဝကြီးက တိုတောင်းသလိုလို အရင်အချိန် ပျော်ရွှင်စရာတွေကို တောင်းတနေမိတယ်။

ပင်လယ်ရေမျက်နှာပြင်ပေါ်က အိပ်မက်ဆန်တဲ့ နေ့ရက်များ - 𝐌𝐚𝐥𝐝𝐢𝐯𝐞𝐬 ခရီးစဉ်အတွေ့အကြုံအားလုံးပဲမဂ်လာပါဗျ။ Eric ပါ။ ဒီကနေမှာတော့ ...
08/07/2024

ပင်လယ်ရေမျက်နှာပြင်ပေါ်က အိပ်မက်ဆန်တဲ့ နေ့ရက်များ - 𝐌𝐚𝐥𝐝𝐢𝐯𝐞𝐬 ခရီးစဉ်အတွေ့အကြုံ

အားလုံးပဲမဂ်လာပါဗျ။ Eric ပါ။ ဒီကနေမှာတော့ Dubai ကနေ Maldives သို့ ၅ ည အိပ် ၆ ရက် သွားခဲ့တဲ့ ခရီးစဉ်လေးကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ခရီးသွားဖို့အတွက် ‌သွားချင်တဲ့ ‌နေရာ‌တွေကို အရင်ဆုံး ရှာကြည့်တယ်၊ သွားချင်တာက Athens ကို သွားချင်တာ‌ပါ။ ဒါ‌ပေမဲ့ Visa မရတဲ့အတွက် တစ်ခြား တစ်နေရာ ထပ်ရှာရပါတယ်။ Albania သွားမယ်ဆိုပြီး ကြိုးစား‌ပေမဲ့လည်း Visa Reject ဖြစ်တဲ့အတွက် မသွားခဲ့ရပါဘူး။ ဘာလို့ဆိုရင် Bank Statement 10000 AED ပြရတာမိုလို့ အဆင်မပြေခဲ့ပါဘူး။ ‌အဲ့ဒါကြောင့် Visa on Arrival ရတဲ့ Maldives ကိုပဲ ရွေးဖြစ်ခဲ့ပါတယ်၊ Maldives မှာ သုံးဖို့အတွက် Currency အနေနဲ့ USD or MVR သုံးလို့ရပါတယ်။ Local စာသောက်ဆိုင်တို့ ကုန်ဆုံဆိုင် တို့ဆိုရင်တော့ MVR နဲ့ ရှင်းပြီး Resort တွေ Activites ဆိုရင်တော့ USD နဲ့ ပေးရပါတယ်။ ဓါတ် ပုံ လှလှ လေး‌တွေ ရိုက်ဖို့အတွက် နေကာ မျက်မှန်နဲ့ Sunscreen spf 50 အထက်ရှိတာ ယူသွားဖို့ အကြံပြုပါတယ်နော်။ UAE မှာ နေပြီး Eric လို Size ရှာရတာ ခက်တဲ့သူတွေကိုတော့ Temu ကနေ ဝယ်ဖို့ အကြံပြုပါတယ်။

ခရီးစဉ်အတွက် Flight (Round Way) Abu Dhabi to Maldives, Maldives to Abu Dhabi / Hotel (5night) အတွက် Season Holiday ကို ရွေးခဲ့ပါတယ်။ အကုန်လုံးကို Holiday Factory ကနေပဲ ဝယ်ခဲ့တာပါ။ တစ်ယောက် စာကို AED 2500 ပေးရပါတယ်။ Flight/Hotel နဲ့ Breakfast ပဲ ပါ ပါတယ်။ ကျန်တာက Maldives မှာ ကိုသွားမဲ့နေရာ နဲ့ ခရီးစရိတ် နေ့လည်စာ/ ညစာ အတွက်ပဲ ကုန်ကျတော့မှာ ဖြစ်ပါတယ်။ မိမိဘာသာ ဝယ်မယ်ဆိုရင်လည်း ရပါတယ်။ Wizzair ကနေ ဝယ်ရင် ၂ ယောက် စာ အသွားအပြန်ကို Wizzair Application ကနေ ဝယ်လို့ရပါတယ်။ မသွားခင် ၁ လ လောက် ကြိုဝယ်မယ်ဆိုရင် စျေးသက်သက်သာသာ နဲ့ရပါတယ်။ အများဆုံးကိုမှ 400 AED ကျော် လောက်ပဲ ကျပါတယ်။ Hotel ကလည်း Trip Adviser ကနေ မိမိနေမဲ့ ကျွန်းမှာရှိတဲ့ ဟိုတယ် နာမည်နဲ့ ရှာပြီး စျေးနှုန်းတွေ ကြည့်လို့ရပါတယ်။ Eric တို့ တည်းတဲ့ ဟော်တည်က 3 star Hotel ဆိုတော့ စျေးသက်သာပါတယ်။ ၂‌ ယောက် တစ်ခန်းကို တစ်ည 9 21MVR (Maldives Currency) 60 USD လောက်ရှိပါတယ်။ AED နဲ့ဆို 200 AED စွန်းစွန်းပဲ ရှိပါတယ်။ Eric တို့ရဲ့ အတွေ့အကြုံအရ Holiday Factory ကနေ ဝယ်တာ ပိုပြီး စျေးသက်သာတယ်လို့ ထင်ပါတယ်။

Flight က Abu Dhabi ကနေ စီးရမှာဖြစ်တဲ့အပြင် လေဆိပ်ကို (၃) နာရီလောက် ကြိုရောက်ရတာဖြစ်တဲ့အတွက် Eric တို့ Al Rigga ကနေ စောစော (၅) နာရီ Metro ကနေ Ibn Battuta ကို ၁ နာရီနီးပါ စီးသွားပြီး Ibn Battuta ကနေ တစ်ဆင့် Abu Dhabi Airport ကို ကားတစ်ဆင့် ပြန်စီးရပါတယ်။ Ibn Battuta ကနေ ကား (၃) စီး စီးလို့ရပြီး E101, E102 နဲ့ Airport Shuttle ဆိုပြီး ‌မိမိကြိုက်ရာ ရွေးစီးလို့ရပါတယ်။ Eric တို့က Ibn Battuta ကနေ Airport Shuttle ကို စီးပြီး ကားခ အနေနဲ့ တစ်ယောက်ကို 35AED ပေးရပါတယ်။ ၁ နာရီလောက်စီးပြီး လေဆိပ်ရောက်တော့ Check Counter ကို သွားပြီး တန်းစီးပြီး Departure ကို သွားရုံပါပဲ။ Eric တို့ Passport အတွက်ကတော့ Immigration Counter ကို သွားပြီး တုံးထုပြီးမှ ထွက်လို့ရပါတယ်။ Abu Dhabi ကနေ Maldives ကို ၅ နာရီ ၂၅ မီးနစ်လောက် စီးရပါတယ်။ Airport Outfit ကို ပေါ့ပေါ့ ပါးပါး ‌ဝတ်သွားဖို့ အကြံပြုပါတယ်နော်။

UAE နဲ့ Maldives က အချိန်အားဖြင့် ၁ နာရီ ကွာခြားပါတယ်။ Abu Dhabi ကနေ နေ့လည် ၁၁ နာရီ ၄၅ လောက် ထွက်ပြီး Maldives/ Hotel ကို ညနေ ၆ နာရီလောက် ရောက်သွားပါတယ်။ Eric တို့ကို Holiday Factory ကနေ Local Guide က လာကြိုးပြီး ‌ဟော်တယ်ကို လိုက်ပို့ပေးပါတယ်။ ‌ဟော်တည်ရောက်ပြီး Register လုပ်ပြီးတော့ နောက်နေ့တွေမှာ လည်ပတ်ဖို့အတွက် သူတို့မှာရှိတဲ့ Package တွေကို ရှင်းပြပြီး ကိုသွားချင်တဲ့နေရာကို သူတို့ကို ပြောလိုက်ရုံပါပဲ။ သူတို့စီစဉ်ပြီး မနက် ၉ နာရီလောက် လာကြိုပေးမှာပါ။ ညစာအတွက် Eric တို့ Hotel နားမှာပဲ ရှိတဲ့ Starry Beach Inn မှာရှိတဲ့ ထိုင်း စားသောက်ဆိုင်မှာပဲ စားပါတယ်။ Eric တို့က အသားတွေ မစားတဲ့အတွက်ကြောင့် ကြက်ဉကြော် သုပ်/ ထမင်းဖြူ/ ကျောက်ကျော ပဲ စားပြီး အားလုံး ပေါင်း MVR 400 ကျော် နဲ့ USD 28 (နှစ်ယောက်စာ) ပဲ ကျပါတယ်။ ဒါကတော့ Day 1 ကုန်ဆုံးသွားတယ်ပေါ့‌နော်။

Maldives ရဲ့ Day 2 ကိုတော့ Eric တို့က Island Adventure Cruise Package ကို ‌ ညကတည်းရွေးပြီး သားဖြစ်တဲ့အတွက်ကြောင့် မနက် ၉ နာရီ ဟော်တယ်ကို လာကြိုပြီး Hulhumale Westside Jetty ကို ကားနဲ့ လိုက်ပို့ပေးပါတယ်။ Eric တို့ သွားတဲ့အချိန်က ‌ခရီးသွား‌ နည်းတဲ့အချိန် ဆိုတော့ အရင်က Offer လုပ်တဲ့ Boat အကြီးစားနဲ့ မဟုတ်ပဲ Boat အသေးနဲ့ပဲ သွားခဲ့ရပါတယ်။ Boat အကြီးနဲ့ဆို USD 120 ‌ပေးမှာပါ။ Boat အသေးနဲ့ကို USD 65 (တစ်ယောက်စာ) ပဲ ‌ပေးရပါတယ်။ Activities ‌တွေက‌တော့ အတူတူပါပဲ။ အဲ့အထဲမှာ‌ Hulhumale Westside Jetty ကနေ Boat စီးပြီး Dolphin ‌တွေ အရင်ဆုံး လိုက်ပြပါတယ်။ မီးနစ် ၃၀ ‌လောက် ကြည့်ပြီး Snorkeling လုပ်တဲ့နေရာကို သွားပြီး ‌‌ရေ‌အောက် ငါး‌တွေကို လိုက်ကြည့်ပါတယ်။ မီးနစ် ၄၅ ‌လောက် ‌ရေငုပ်ပြီး‌တော့ Himmafushi Local Island မှာ လက်ဆောင်ပစ္စည်း ‌တွေ ဝယ်ဖို့ လိုက်ပို့ပြီး‌တော့ ‌နေ့လည်စာ ကို India စား‌သောက်ဆိုင်မှာ Welcome Drink/ Water/ Buffet ‌ကျွေးပါတယ်။ Eric တို့ သွားတဲ့ ရက်က ရုတ်တရက် မိုးရွာပြီး ‌‌လေတွေ တိုက်လို့ Sand Bank ကို မသွားခဲ့လိုက်ရဘူး။ လှိုင်း‌တွေ အရမ်းကြီးပြီး Boat ‌တောင် မနည်း‌မောင်းပြန်ခဲ့ရတယ်။ စိတ်လှုတ်ရှားစရာ အရမ်း‌ကောင်းပြီး ‌ပျော် ဖို့ ကောင်းပါတယ်။ လှိုင်း တော့ နည်းနည်းမူးတယ်။ Jetty နား ပြန်ရောက်တဲ့အချိန်မှာ Snorkeling ထပ်လုပ်ပြီး Shark ကြည့်‌သေးတယ်။ Eric က ‌လှိုင်းမူး‌နေလို့ မကြည့်‌တော့ပဲ သဘော်ာ‌ပေါ်မှာ ကျန်ခဲ့ပြီး နာရီဝက်‌လာက်ကြည့်ပြီး ပြန်ခဲ့ပါတယ်။ ဟိုတယ်ပြန်‌‌ရောက်တော့ ‌ရေချိုး အနားယူပြီး ညစာကိုတော့ စား‌နေကျ ဆိုင်မှာပဲ စားပါတယ်။

Day 3 မှာ Eric တို့က Cinnamon Dhonveli Resort ကို Visitor အနေနဲ့ သွားရောက် လည်ပတ်ခဲ့ပါတယ်။ သူတို့ပြောချက်အရ အရင်ကတော့ resort က အခမဲ့ သွားရောက် လည်ပတ်လို့ ရပေမဲ့ အခုနောက်ပိုင်းမှာ Lunch စားမှသာ လက်ခံတဲ့အတွက် Booking ကြိုလုပ်ရပါတယ်။ တစ်ယောက်ကို 59 USD ကျသင့်ပါတယ်။ ပေးရတာနဲ့ တော်တော်တန်ပါတယ်။ Resort တော်တော်များများကတော့ Inhouse guest နဲ့ Visitor အတွက် ကန့်သတ်ထားတွေတော့ရှိပါတယ်။ ဒါပေမဲ့ Eric တို့လို ဓါတ်ပုံ ရိုက်ချင်တဲ့သူတွေအတွက်တော့ ထွေထွေထူထူပြောစရာမလိုပါဘူး။ ပုံပဲလိုက်ရိုက်နေလို့ပါ။ နေ့လည်စာကိုလည်း International Buffet စာလို့ရပါတယ်။ အစားအသောက်တွေကလည်း အရမ်း စားလို့ကောင်းပြီး Eric ကတော့ ငါးပြုတ်ကို သံပရာသီး ညှစ်ပြီး ငရုပ်သီးလှော် ကိုက်စားတာကို အကြိုက်ဆုံးပါ။ တစ်ချို့နေရာတွေက ကန့်သတ်ထားတယ်ဆိုတာကလည်း Bar နေရာနဲ့ သူတို့ ဧည့်သည် တွေ နေတဲ့ နေရာ လောက်ပါပဲ။ အထဲမှာ တစ်ခြား Package ထဲမှာ မပါတဲ့ စားတာ သောက်တာကိုတော့ မပြန်ခင် Reception မှာ ရှင်းပေးရပါတယ်။ Wifi ကိုလည်း သုံးချင်ရင် တစ်ယောက် ကို USD 10 ပေးရမှာပါ။ Eric တို့ကတော့ Beach Bar မှာ ရေကူး ဓါတ်ပုံရိုက်ရင်း Review ရေးပေးပြီးတော့ Mock tails ဂုန်းဆင်းခဲ့ပါတယ်။

Day 4 မှာတော့ Eric တို့ တစ်ခြား နာမည်းကြီးတဲ့ ကျွန်းတွေ Fulidhoo ကျွန်းတို့ Maafushi ကျွန်းတွေကို သွားချင်ပေမဲ့ နည်းနည်းဝေးလို့ မသွားတော့ပဲနဲ့ Crossroad ကို သွားခဲ့ပါတယ်။ အဲ့ကို သွားဖို့အတွက် Online ကနေ မိမိတို့ သွားချင်တဲ့အချိန်နဲ့ ပြန်ချင်တဲ့ အချိန်တွေကို Booking လုပ်ပြီး လိုအပ်တဲ့ နာမည်/ ဖုန်းနံပါတ်/ Email/ Passport တွေ ဖြည့်ပြီးရင် Email ကနေ Confirmation ပြန်ပို့ပေးရင် သွားလို့ရပါပြီး။ Eric တို့ နေတဲ့ Hulhumale ကနေ Maldives ရဲ့ မြို့ ဖြစ်တဲ့ Male ကို Taxi ဌားသွားပြီး အဲ့ကနေ သူတို့ လာကြိုတဲ့ သဘော်ကို စီးရပါတယ်။ Taxi ခ အနေနဲ့ MVR 85 ပေးရပါတယ်။ အဲ့ကျွန်းက Maafushi ကျွန်းနဲ့ နီးပါတယ်။ အဲ့ကျွန်းကို အလည်သွားဖို့က အခမဲ့ဖြစ်ပေမဲ့ သူတို့ဆီမှာ အနည်းဆုံး USD 20 ဖိုး သုံးပေးရမှာပါ။ USD 20 ဖိုး မပြည့်ရင် ပြန်ထွက်တဲ့အခါကျရင် လိုတာကို ပေးရမှာပဲ ဖြစ်ပါတယ်။ အဲ့ကျွန်းမှာတော့ Wifi အခမဲ့ သုံးလို့ရပါတယ်။ ကျွန်း ၂ ကျွန်းကို ဆက်ထားတဲ့ တံတားပေါ်မှာ ဓါတ်ပုံလှလှတွေ ရိုက်လို့ရပါတယ်။ Eric တို့က လှေလှော်ဖို့ စျေးမေးတော့ ၂ ယောက်စာကိုမှ USD 25 ပဲ ရှိပါတယ်။ Visa Card နဲ့ ရှင်းလို့ရပေမဲ့ Apple Pay နဲ့ ရှင်းလို့မရလို့ မစီးခဲ့ရပါဘူး။ သူတို့က Cash လက်မခံဘူး။ Eric ကလည်း Card တွေ ထားခဲ့လိုက်လို့ ဘာမှ မလုပ်ခဲ့ရဘူး။ နေ့လည်စာကိုတော့ Eric တို့ ကို့ဘာသာ စားခဲ့ရပါတယ်။ ကျွန်ပေါ်က တရုတ်ဆိုင်၊ ထိုင်းဆိုင်၊ ဂျပန်ဆိုင် တွေ ရှိပေမဲ့ ထိုင်းဆိုင်ကို ရှာမတွေ့လို့ တရုတ်ဆိုင်မှာပဲ စားခဲ့တယ်။ ၂ ယောက် ပေါင်း USD 89 ကျတဲ့အတွက် ပြန်အထွက်မှာ မပေးခဲ့ရပါဘူး။ စားထားတဲ့ ဘောင်ချာကို သူတို့ ပြပေးရပါတယ်။ အပြန်ကျတော့ Eric တို့ Male မြို့ ကို လျှောက်လည်ချင်တာနဲ့ လမ်းလျှောက်ပြီး လေ့လာကြည့် ဆိုင်ကယ် အသုံးများကြတယ်။ အားလုံးနည်းပါ။ Male မြို့က Hulhumale လောက် မသန့်သလို ခံစားရတယ်။ Personally အရ Hulhumale ကို အကြိုက်ဆုံးပါ။ တိုက်လေးတွေ ဆောက်ထားတာနဲ့ လူတွေလည်း သန့်တယ်လို့ခံစားရတယ်။

Day 5 ကို ဘာလုပ်ရမှန်းမသိဘူးပေါ့နော်။ Seaplane စီးလို့ရပေမဲ့ တစ်ယောက်ကို USD 100 လောက် ကုန်မှာဆိုတော့ သမျှောလို့ မစီးခဲ့ပါဘူး။ Day 2 တုန်းက မိုးရွာလို့ Sand Bank မသွားခဲ့လိုက်ရလို့ နောက်တစ်ခါ Island Adventure ကို ထပ်သွားဖြစ်ခဲ့ပါတယ်။ ဒုတိယ အခေါက် ဖြစ်တဲ့အတွက် တစ်ယောက်ကို USD 50 ပဲ ပေးရပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဉတု ကောင်းတဲ့အတွက် Sand Bank ကို သွားခဲ့ရပါတယ်။ နေတော့ အရမ်းပူပေမဲ့ ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့ရပါတယ်။

Day 6 မှာတော့ Eric တို့ Flight က ညနေ ၇ နာရီ ဖြစ်တဲ့အတွက် တစ်နေကုန် အချိန်ရသေးတယ်ပေါ့နော်။ တစ်ခြားကိုလည်း မသွာချင်တော့တာကြောင့် Hotel နားက Beach မှာပဲ လှေလှော်ဖြစ်ပါတယ်။ လှေလှော်တာကတော့ Tour ကနေ ပေးတာဖြစ်တဲ့အတွက် Free လှေလှော်ခဲ့ပါတယ်။ Hotel က နေ့လည် 12 Check Out လုပ်ရတာဖြစ်တဲ့အတွက် Hotel ကို စောစောပြန်ပြီး ရေချိုး/ အဝတ်အစားလဲပြီး ပြန်ဖို့ ထိုင်စောင့်နေပါတယ်။ နေလည်စားကိုလည်း အရင်ဆိုင်မှာပဲ စားပြီး ညနေ ၄ နာရီလောက်မှာ Hotel ကနေ လေဆိပ်ကို လိုက်ပို့ပေးပါတယ်။ Flight က Boarding လုပ်တာ ‌နောက်ကျတဲ့အတွက် 7:30 PM လောက်မှာ ထွက်ဖြစ်ပါတယ်။ Abu Dahbi ကို ည ၁၁ နာရီလောက် ရောက်ပြီး အပြန်ကိုတော့ Eric တို့က E102 ကို စီးပြီး Al Jalifia Bus Station အထိ စီးပြီး အိမ်ကို Taxi စီးပြီး ပြန်ခဲ့ပါတယ်။

ဒါကတော့ Eric ရဲ့ ၅ည ၆ ရက် Abu Dhaibi to Maldives ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။ ကုန်ကျငွေ အနေနဲ့ စုစုပေါင်း တစ်ယောက်စာကို AED 2500 + USD 400 ဆိုတော့ စုစုပေါင်း AED 4000 လောက် ကုန်ပါတယ်။ ၆ ရက် နဲ့ စားမယ်ဆိုရင် တစ်ရက်ကို AED 600 လောက်ပဲ ကုန်ကျမှာဆိုတော့ အရမ်းကို တန်ပါတယ်။ အားလုံးကိုလည်း Maldives သွားဖို့ တိုက်တွန်းပါတယ်နော်။ ခွင့်ရက်ရှည်လေးမှာ သာယာလှပတဲ့ အချိန်လေးတွေကို ဖန်တီးနိုင်ကြပါစေ။ Video ‌ကိုတော့ နောက်တစ်ပါတ်မှာ Sharing လုပ်ပေးပါမယ်။




28/06/2024

The Lost Chambers Aquarium မှာ ရှိတဲ့ ငါးပြတိုက်ကို လိုက်ပြပေးမယ်။

အားလုံးပဲ မဂ်လာပါ။ Eric ပါ။ ဒီနေ့မှာတော့ ပြီးခဲ့နှစ်က Atlantic ကို Eric တို့ အလည်သွားခဲ့တုန်းက Video လေးကို ပြန် Sharing လုပ်ပေးချင်ပါတယ်။ အရင်တုန်းက ရိုက်ထားတာဆိုတော့ အပြည့်အစုံ မရိုက်ခဲ့မိဘူး။ နောက်တစ်ခေါက် ထပ်သွားဖြစ်တဲ့အချိန်ကျမှ အစ/အဆုံး ရိုက်ပေးပါမယ်နော်။ အားလုံးပဲ Eric နဲ့ အတူတူ The Lost Chambers Aquarium မှာရှိတဲ့ ငါးပြတိုက်ကို လိုက်ပါကြည့်ရှုပေးပါဦးနော်။





Send a message to learn more

26/06/2024

ဒူဘိုင်းရဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ သင့်ကိုယ်ခန္ဓာကို ပြန်လည်နှစ်သိမ့်စေမယ့် Detox Water

အားလုံးပဲ မဂ်လာပါ။ Eric ပါ။ ဒီနေ့တော့ ကျွန်တော်တို့ အားလုံးအတွက် အသုံးဝင်မယ့် Detox ရေ လုပ်နည်းအကြောင်း ဝေမျှသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လိုအပ်မယ့် ပစ္စည်းတွေကတော့ -

ရေသန့်
သံပုရာသီး
သခွားသီး
ပူစပ်ရွက်
ဂျင်း အနည်းငယ်
တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံး သခွားသီးကို အချပ်လေးတွေ လှီးပါမယ်။ သခွားသီးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ရေဓာတ်လည်း ပြည့်ဝစေပါတယ်။

ဒုတိယအနေနဲ့ သံပုရာသီးကို အချပ်လေးတွေ လှီးပါမယ်။ သံပုရာသီးက ဗီတာမင်စီ ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ပူစီနံ (mint) အနည်းငယ်ကို ထည့်ပါမယ်။ ပူစီနံ (mint) ရွက်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းဗိုက်ပူထွက်တာကို လျော့ကျစေပါတယ်။

နောက်ဆုံးအနေနဲ့ ဂျင်းကို အပါးလေး လှီးပြီး ထည့်ပါမယ်။ ဂျင်းက ရောင်ရမ်းမှုကို လျော့ကျစေပြီး ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်။

အခုဆိုရင် ဒီပစ္စည်းအားလုံးကို ရေသန့်နဲ့ ရောမွှေလိုက်ပါပြီ။ ဒီရေကို တစ်နေကုန် သောက်သုံးနိုင်ပါတယ်။ အနည်းဆုံး ၈ နာရီလောက် အေးအေးထားပြီးမှ သောက်သုံးရင် ပိုကောင်းပါတယ်။

အရသာကလည်း အရမ်းကောင်းပြီး ကျန်းမာရေးအတွက်လည်း အကျိုးရှိလှပါတယ်။ နေ့စဉ် ဒီလို Detox ရေသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို သန့်စင်စေပြီး ကျန်းမာကြံ့ခိုင်စေမှာ ဖြစ်ပါတယ်။

ဒီနေ့ Detox ရေလုပ်နည်းလေး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆက်လက်တင်ဆက်ပေးသွားပါ့မယ်။ နောက်တစ်ခါ တွေ့ကြတဲ့အထိ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။






22/06/2024

စျေးတန်တန်‌နဲ့ အသီးအရွက်တွေ ဝယ်ကျမယ်။

ဒီတစ်ပတ်အတွက် Eric Sharing လုပ်ပေးမဲ့အကြောင်းကတော့ AL Quoz Industry ထဲမှာ ရှိတဲ့ Labor Community Market အကြောင်းပဲ ဖြစ်ပါတယ်။ Eric သွားတဲ့နေ့က မုန့်ဟင်းခါး လိုက်ပို့နေတာနဲ့ နည်းနည်း နောက်ကျသွားတဲ့အတွက် စျေးက နည်းနည်းလေး ပွဲနေသလိုဖြစ်နေတယ်ပေါ့နော်။ သွားဖို့အစီအစဉ်ရှိပေမဲ့ ဘာဝယ်မလဲဆိုတာ မစီစဉ်ထားတော့ Eric စားတဲ့ အရွက်နည်းနည်းပဲ ဝယ်ခဲ့လိုက်ပါတယ်။

Eric တို့က Metro မစီးချင်တဲ့အတွက် Bus စီးသွားပါတယ်။ Rigga Metro ကနေ့ နည်းနည်းလမ်းလျှောက်သွားရင် Ministry of Environment 1 မှတ်တိုင်ကနေ Bus 10 ကို စီးသွားပြီး Al Quoz Bus Station မှာ ဆင်းပြီး Bus F15, F16, 21 ကြိုက်တဲ့ ကား စီးပြီးတော့ Al Quoz, Latifa Bint Hamdan Street 1 မှတ်တိုင်မှာ ဆင်းပြီး လူကူး ကုန်းကျော်တံတားဖြတ်ပြီး ၃ မီးနစ်လောက် လမ်းလျှောက်သွားရင် စျေးကိုရောက်ပါတယ်။

စျေးက Rigga မှာ ရှိတဲ့ Night Market လိုပဲ ဆင်ဆင်လေးပါ။ ဒါပေမဲ့ အဲ့မှာက အသီးအရွက်တွေပါ စျေးတန်တန်နဲ့ ရတော့ ပိုအဆင်ပြေတယ်။ Eric တို့လို့ တစ်ပတ်စာ တစ်လစာ ဝယ်တက်တဲ့သူတွေအတွက်တော့ တော်တော်လေးကို အဆင်ပြေပါတယ်။ သွားရတာ ဝေးတာကလွဲရင် စျေးဖိုး သက်သာအောင် လုပ်လို့ရတော့ အဆင်ပြေတာပေါ့နော်။ Eric က ရှောက်သီး အကြီး လိုချင်လို့ သွားရှာပေမဲ့ မတွေ့ခဲ့ပါဘူး။ အဲ့ဒါနဲ့ ဌက်ပျောသီး၊ ကြက်သွန်၊ ကန်စွန်းရွက်နဲ့ ချဉ်ပေါင်ရွက်တွေ ၂၀ ဖိုး ဝယ်ခဲ့လိုက်ပါတယ်။

အပြန်ကိုတော့ စျေးဘက်ခြမ်းမှာရှိတဲ့ ကားမှတ်တိုင်ကနေပဲ Bus 21 စီးပြီး Onpassive Metro အထိ စီးပြီး ရထားနဲ့ပဲ ပြန်ခဲ့လိုက်ပါတယ်၊ ညဘက် ကားစောင့်ရတာ ကြာမှာစိုးလို့ ပါ။ နည်းနည်းလည်း ပင်ပန်းနေလို့ လမ်းမလျှောက်နိုင်တော့လို့ :3



ဒီနေ့ညနေအတွက် မုန့်ဟင်းခါး မှာလို့ရပါပြီနော်။ Al Rigga/Union Free Delivery ပါ။ တစ်ပွဲ 10 AED 🫰
20/06/2024

ဒီနေ့ညနေအတွက် မုန့်ဟင်းခါး မှာလို့ရပါပြီနော်။ Al Rigga/Union Free Delivery ပါ။ တစ်ပွဲ 10 AED 🫰

ဒီတစ်ခါတော့ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန် ခြေကုန် လက်ပန်းကျ၊ ဘာမှ မလုပ်နိုင်တဲ့အချိန် ညစာ စားဖ...
19/06/2024

ဒီတစ်ခါတော့ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန် ခြေကုန် လက်ပန်းကျ၊ ဘာမှ မလုပ်နိုင်တဲ့အချိန် ညစာ စားဖို့တောင် အနိုင်နိုင် လုပ်နေရတဲ့သူတွေ အလွယ်ကူဆုံး ထမင်းစားမြိန်စေမဲ့ ဟင်းတစ်ခွက် ကို ပြောပြမယ်နော်။

Eric ဆိုရင် duty က ညဆိုင်းတွေပဲ ဆင်းရဲ့အတွက် အိမ်ပြန်ချိန် နောက်ကျတဲ့အပြင် အလုပ်ကလည်း ပင်ပန်းတာကြောင့် ထမင်းမစားဖြစ်ပဲ အိပ်လိုက်ရတဲ့ ရက်တွေ မရေတွက်နိုင်အောင်ပါပဲ။ Duty meal မကောင်းတဲ့ရက်ဆို ပိုလို့တောင်ဆိုးသေးတယ်။

အဲ့ဒါကြောင့်မိုလို့ အလုပ်ပြန် ချဉ်ချဉ်စပ်စပ် အရသာ ငရုပ်သီး သုပ်လေးနဲ့ ကြက်ဉ ကြော် ဖြစ်ဖြစ် ကြက်ပြုပ်ဖြစ်ဖြစ် စားလိုက်ရရင် အလုပ်ပင်ပန်းတာတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူး။

လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့အပြင် Eric ဆီမှာလည်း ဝယ်ယူလို့ရပါတယ်နော်။ Option အနေနဲ့ ကြက်ဉ ကြော် ယူမလား ကြက်ဉပြုပ် ယူမလား ရွေးချယ်လို့ရသေးတယ်နော်။ ကြက်ဉကလည်း ၂ လုံးတောင် ဆိုတော့ AED 10 ထဲနဲ့ ထမင်းမိန်မိန် စားလို့ရပါပြီဗျာ။

Eric ဆီမှာ ရနိုင်တာကတော့ လောလောဆယ် မုန့်ဟင်းခါးနဲ့ ရိုးရိုးရှင်းရှင်း ငရုပ်သီး သုပ် တို့ ဖြစ်ပါတယ်။ မုန့်ဟင်းခါးကတော့ တစ်ရက်ခြား ၁၅ ပွဲကနေ အများဆုံး ပွဲ ၂၀ အထိ အော်ဒါမှာလို့ရပါတယ်။

အော်ဒါမှာမယ်ဆိုရင် WhatsApp ကနေ Hello လုပ်လိုက်ပါနော်။




14/06/2024

Hi Everyone ‼️

မနေ့ကတော့ Eric ရဲ့ အလုပ် ပိတ်ရက်လေး ဖြစ်တဲ့အတွက်ကြောင့် မုန့်ဟင်းခါး ချက်ရောင်းဖြစ်ပါတယ်။ Eric ရဲ့ မွေးနေ့တုန်းက သူငယ်ချင်းတွေကို ချက်ရောင်းရင်းနဲ့ အကြံရသွားပြီးတော့ ရောင်းဖြစ်သွားတာပါ။

ပထမဆုံး ချက်ရောင်းပေးမဲ့ အော်ဒါ အများကြီး ရတဲ့အပြင် စားကောင်းလို့ နောက်ထပ် အော်ဒါမှာချင်တဲ့ သူတွေ ရှိလို့ ပိုပြီး ဝမ်းသာရပါတယ်။ Vacation ရရင် နေ့တိုင်း နီးပါး ချက်နိုင်အောင် ကြိုးစားပါ့မယ်။ စားချင်တဲ့သူတွေရှိရင် ကြိုပြီး အော်ဒါပေးထားလို့ရပါတယ် 🫰💕

11/06/2024

Hi everyone ‼️

Eric’s Journey & Jams မှ ကြိုဆိုပါတယ်။ Eric တို့ သူငယ်ချင်းတွေ Hatta ကို သွားဖြစ်ခဲ့တဲ့ ခရီးစဉ်လေးကို ပထမဦးဆုံး ပြန်တင်လိုက်ပါတယ်။

နောက်ထပ် Eric တို့ သွားမည့် ခရီးစဉ်လေးတွေ၊ ပြီးတော့ Eric က ချက်ပြုတ်ရတာကိုလည်း ဝါသနာပါတဲ့အတွက်ကြောင့် ဒီ Page လေးကနေပဲ တင်ပါမယ်နော်။

ခရီးသွားရတာကြိုက်တဲ့သူတွေ နဲ့ အစားအသောက်ကို ကြိုက်တဲ့သူတွေအနဲ့ Eric ရဲ့ Page လေးကို Like and Follow လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျ 🫰💕

Hatta သွားခဲ့တဲ့ အကြောင်းလေးကို Video ထဲမှာ ကြည့်ကြပါဦးဗျာ။ UAE အတွင်းမှာရှိတဲ့ ခရီးသွားရတာ ကြိုက်တဲ့ Traveller လေးတွေလည်း မသွားရသေးရင် သွားဖို့ တိုက်တွန်းပါတယ်ဗျာ 🍀

&Jams

Address

203, Al Rigga Road, Al Muraqqabat, Deira
Dubai
295424

Alerts

Be the first to know and let us send you an email when Eric's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eric's Journey:

Videos

Share

Category